Wad P.O.V
လာမယ့်ပိတ်ရက်ကျရင်မင်္ဂလာပွဲကျင်းပတော့မှာမို့လို့ကျွန်တော့သူငယ်ချင်းတွေဖြစ်တဲ့Kong,Aim,Oat,Tew တို့ကိုဒီနေ့နေ့လယ်အတန်းဆင်းရင်ပြောပြမယ်လုပ်ထားတာကြောင့်အတန်းဆင်းပြီးနေ့လယ်စာစားဖို့ကင်တင်းရောက်တော့အကုန်လုံးကိုစကားစလိုက်တယ်။
Wad-“Umm မင်းတို့ဒီတပတ်ပိတ်ရက်ကျရင်သွားစရာရှိကြလား”
Kong-“ပိတ်ရက်ကျရင်လား၊ငါတော့မရှိဘူး Aim ရော”
Aim-“မရှိဘူး”
Tew-“ငါရောပဲ Oat ရော”
Oat-“Noo”
Kong-“ကိစ္စရှိလို့လား Wad”
Wad-“အင်း ရှိတယ်။Ummm အဲ့နေ့ကျရင် အဲ့နေ့ကျရင် “
ပြောရင်းနဲ့ဆက်ပြောရမှာမျက်နှာပူလာတာနဲ့ဘာမှဆက်မပြောတော့ပဲနဲ့ကျောပိုးအိတ်ထဲမှာထည့်ထားတဲ့ဖိတ်စာကိုပဲလေးယောက်လုံးကိုကမ်းပေးလိုက်တော့တယ်။
“အဲ့နေ့ကျရင်ဘယ်မှသွားစရာမရှိရင်လာခဲ့ပေးကြပါကွာ”
ကျွန်တော်ပြောလိုက်ပြီးတော့ခေါင်းကုတ်ပြီးထိုင်နေလိုက်မိတော့သူတို့ကကျွန်တော်ပေးလိုက်တဲ့ဖိတ်စာကိုဖွင့်ကြည့်ပြီးတော့လေးယောက်လုံတညီတညွတ်ထဲထအော်ကြလေရဲ့။
“Ahhhhh Ai Waddddd”
Kong-“မင်းလက်ထပ်တော့မှာ”
Aim-“P Prem နဲ့”
Tew-“ငါတို့Hazerကြီး”
Oat-“Ewwww မင်းမကြောက်ဘူးလား။P Prem ကHazing Team မှာ P Arthit ပြီးရင်ကြောက်စရာအကောင်းဆုံးပဲ”
Oat ရဲ့စကားကိုကြားတော့Kongကပြောလာတယ်။
Kong-“P Arthit ကအဲ့လောက်ကြောက်စရာ မကောင်းပါဘူးကွာ။သူစိတ်တိုနေတဲ့ပုံလေးကချစ်ဖို့
ကောင်းတယ်”Kongစကားကိုကြားတော့အားလုံးဝိုင်းပြီးထအော်လိုက်ကြတော့တယ်။
Aim-“မင်းတယောက်ထဲထင်တာလေ Kong။ဒါနဲ့Ai Wad မင်း P Prem နဲ့တွဲနေတယ်ဆိုတာငါတို့လဲ မသိခဲ့ပါလားကွ။လျှိုထားတာလားဟေ့ရောင်”
Wad-“ဘယ်ကတွဲရမှာလဲ၊ P Prem နဲ့ကအိမ်ကသဘောတူပြီးစီစဉ်တာ။ငါ့ဆန္ဒမပါဘူး။”

YOU ARE READING
Their Story
FanfictionPrem X Wad Fanfiction Sotus S Serie ကျရင်အပြတ်Ship မယ်လို့အားခဲထားပြီးမပါလာလို့ကြေကွဲမိပြီး ဒီFic လေးရေးလိုက်မိတယ်။ Premxwad Fic ဖတ်ချင်တယ်လို့ပူဆာနေတဲ့ ငါ့ညီမလေး @Mayphoo လဲကျေနပ်မယ်ထင်တယ်။ကိုယ့်ပုံစံအတိုင်းအဆွိလေးတော့များမယ်ပေါ့နော်။