Prem P.O.V
ခုဆို Knot အကြံပေးတဲ့အတိုင်းWadကိုဂရုမစိုက်ပဲ၊ Wadအနားမကပ်ပဲခပ်ခွာခွာနေခဲ့တာ၂ပတ်၊၃ပတ်
တောင်ရှိလာပြီ။စစချင်းရက်တွေတုန်းကညရောက်လို့Wadနားကပ်ပြီ
ဆိုတာနဲ့သူ့ကိုရင်ခွင်ထဲထည့်ဖက်ထားချင်တာကိုမနည်း
အောင့်ပြီးတော့အိပ်ပျော်အောင်အိပ်ရတယ်။သူမီးဖိုထဲ
ချက်ပြုတ်နေရင်လဲအနားသွားပြီးတော့ခါးလေးကိုနောက်ကဖက်ထားချင်စိတ်တွေချိုးနှိမ်ပြီးတော့သူ့ဘေးနားမှာ
လုပ်စရာရှိတာကူလုပ်ပြီးတော့ပြန်ထွက်လာရတယ်။ဒါဘယ်လိုငရဲပါလိမ့်။ချစ်တဲ့သူကိုရှေ့ထားပြီးတော့ချစ်ချင်သလိုချစ်လို့မရဘူး။Wadကရောကျွန်တော်သူ့နားမကပ်တာခုလောက်ဆိုသိလောက်ပါပြီနော်။ဒါမှမဟုတ်အနား
မကပ်လေ၀မ်းသာလေဆိုပြီးတော့မသိချင်ယောင်
ဆောင်ပြီးနေနေတာများလား။Ahh ရူးချင်တာပဲ။
ဒီနေ့တော့ညနေအတန်းဆင်းပြီးတာနဲ့ကျွန်တော်အိမ်ကို
တန်းပြန်လာလိုက်တယ်။Wadကတော့သူ့မိဘအိမ်ပြန်
ပြီးဟင်းချက်နည်းတမျိုးသင်ပြီးမှအိမ်ပြန်လာမှာပေါ့။
Wadရဲ့ဟင်းချက်လက်ရည်ကတော့တနေ့တခြားတိုး
တက်လာတာတော့အမှန်ပဲ။သူ့ဆီကပြန်ပြီးတော့ထမင်း
ပေါင်းအိုးနဲ့ထမင်းချက်တက်အောင်သင်ပေးခိုင်းထားတယ်။လွယ်တဲ့ဟင်းလေးတမျိုး၂မျိုးလောက်တက်အောင်ပြန်သင်ထားတယ်။သူပင်ပန်းလို့မချက်နိုင်တဲ့နေ့ဆိုကျွန်တော်ချက်ပေးလို့ရတာပေါ့။ဒီနေ့စောစောပြန်ရောက်တော့ရေအရင်ချိုးအ၀တ်စားလဲပြီးတော့မှထမင်းတအိုးလောက်ချက်ထားမယ်ဆိုပြီးထမင်း
ချက်ဖို့လုပ်လိုက်တယ်။ဆန်ကိုရေဆေး၊ရေကိုသေချာချင်
ထည့်ပြီးတော့ထမင်းပေါင်းအိုးခလုတ်ကိုမီးဖွင့်လိုက်တုန်း
အခန်းတံခါးဖွင့်သံကြားလိုက်တယ်။Wadပြန်ရောက်
လာပြီထင်တယ်။ဒီနေ့စောလိုက်တာ။ကျွန်တော်Kitchen ထဲကနေအိမ် ရှေ့ခန်းကိုထွက်လာခဲ့လိုက်တယ်။
Prem-"Nong Wad ဒီနေ့စောလိုက်တာ။ Maaမအားလို့စောပြန်လာတာလား"
ူ
သူကရှူးဖိနပ်ကိုချွတ်ပြီးဖိနပ်စင်ပေါ်သေချာတင်လိုက်ပြီး
တော့မှပြန်ဖြေလာတယ်။

YOU ARE READING
Their Story
ФанфикPrem X Wad Fanfiction Sotus S Serie ကျရင်အပြတ်Ship မယ်လို့အားခဲထားပြီးမပါလာလို့ကြေကွဲမိပြီး ဒီFic လေးရေးလိုက်မိတယ်။ Premxwad Fic ဖတ်ချင်တယ်လို့ပူဆာနေတဲ့ ငါ့ညီမလေး @Mayphoo လဲကျေနပ်မယ်ထင်တယ်။ကိုယ့်ပုံစံအတိုင်းအဆွိလေးတော့များမယ်ပေါ့နော်။