Chapter 13 (Z & U)

1.3K 89 70
                                    

This Chapter is Rated S.P.G !!!!

Wad P.O.V

ကျွန်တော်နဲ့ P Prem နဲ့မင်္ဂလာပွဲပြီးနောက်တရက်ပဲ Honeymoon ထွက်လာခဲ့ကြတယ်။၂ယောက်လုံး ကျောင်းလဲရှိတာကြောင့်ဝေးဝေးလံလံမသွားတော့ပဲ
Hua Hin ကိုပဲ Honeymoon ထွက်လာလိုက် ကြတယ်။

မနက်စာစားသောက်ပြီးတော့မှ P Prem ကကားမောင်း ပြီး Hua Hin ကိုထွက်လာလိုက်ကြတယ်။မနက်က မထွက်လာခင်တုန်းကတောင် Kong တို့ Tew တို့ကျွန်တော့ဆီဖုန်းဆက်ပြီးတော့မနေ့ညကအခြေအနေလှမ်းမေးကြသေးတယ်။

P Prem မူးပြီးမှောက်သွားလို့ဘာမှမဖြစ်ဘူးပြောလိုက် တော့Kong တို့က "သူငယ်ချင်းမင်းလုပ်နိုင်မယ်ဆို တာယုံတယ်"လို့ပြောသွားကြပြီးတော့မှဖုန်းချသွားတယ်
လေ။ဒီကောင်တွေကျွန်တော်မင်္ဂလာဆောင်မှပဲတော်တော်ကိုတက်တက်ကြွကြွဖြစ်နေကြသလားလို့။

စောစောစီးစီးအကုန်လုံးစုပြီးကျွန်တော့ကိုဖုန်းလှမ်းဆက်
ပြီးSpeakerဖွင့်ပြီးတော့ဝိုင်းပြောနေကြတာ။ကြည့်ရတာ
ဖြစ်နိုင်ရင်သူတို့က ကျွန်တော်တို့အိပ်ခန်းထဲထိတောင် ၀င်နေချင်တဲ့ပုံမျိုးနဲ့။

P Prem ကားမောင်းလာတာမို့လို့ဘေးခုံမှာအေးဆေး ထိုင်လိုက်ရင်းနေကာမျက်မှန်ထုတ်တပ်လိုက်ပြီးတော့နား
ကြပ်လေးတပ်ထားလိုက်တယ်။ကျွန်တော်မောင်းမယ်ပြောပေမဲ့၊P Prem ကသူပဲမောင်းမယ်ဆိုလို့အေးဆေးသက် သာလိုက်ခဲ့တာပါ။

P Prem ကိုလှည့်ကြည့်လိုက်တော့သူလဲနေကာမျက်မှန် တပ်ထားပြီးစတိုင်အပြည့်နဲ့။တီရှပ်အဖြူကိုအပေါ်ကရှပ်
ကွက်ထပ်ဝတ်ထားပြီးတော့အောက်ကပေါင်မှာအပြဲတွေ
ပါတဲ့ဂျင်းအပြာဝတ်ထားတာကြောင့်လွတ်လပ်ပေါ့ပါးတဲ့လူငယ်တယောက်ပုံစံကပေါ်လွင်နေတယ်။ကျွန်တော်ကြည့်
နေတာသတိထားမိတဲ့P Premကလှည့်ကြည့်လာ ပြီးတော့

Prem-"ကိုယ့် Wad လေး ၊ဘာလို့P ကိုဒီလောက်ထိ ကြည့်နေတာလဲ။ဘာလဲပူပူနွေးနွေးယူထားတဲ့ယောက်ျားကအရမ်းကြည့်ကောင်းနေလို့အကြည့်မခွာနိုင်တာလား"

P Prem စကားကြောင့်ကျွန်တော်မျက်နှာလေးမဲ့ပြ လိုက်မိတယ်။

Wad-"ကြည့်ကောင်းလို့ကြည့်နေတာမဟုတ်ဘူး။ ဒီလောက်အ၀တ်အစားကောင်းတွေရှိနေတာကိုဘာလို့
အစုတ်မှရွေးဝတ်တာလဲလို့အံ့သြပြီးကြည့်နေတာ "

Their StoryWhere stories live. Discover now