Wad P.O.V
အိပ်ယာနိုးနိုးချင်းတွေ့လိုက်ရတာကနွေးထွေးတဲ့ရင်ခွင်
ကျယ်တခု။ဒီရင်ခွင်ကျွန်တော့ကို့သူ့အချစ်တွေအားလုံးပေးတဲ့ကျွန်တော့ရဲ့ကာမပိုင်ခင်ပွန်း P Prem ရဲ့ရင်ခွင်။လွန်ခဲ့တဲ့တလလောက်ကျော်လောက်ကထိကိုကျွန်တော်ဒီရင်ခွင်မှာအသားကျလာလိမ့်မယ်လို့ကိုမထင်ခဲ့မိပေမဲ့အခုအချိန်မှာတော့ဒီရင်ခွင်မှာကျွန်တော်နေသားကျလာခဲ့ပြီ။
သူ့ရင်ခွင်ထဲထည့်ဖက်ထားပြီးအိပ်ပျော်နေတဲ့P Premမျက်နှာကိုမော့ကြည့်လိုက်မိရင်းP Premရဲ့ လည်ပင်းနားကိုနှုတ်ခမ်းနဲ့ထိရုံတင်နမ်းလိုက်မိတယ်။မေတ္တာမှာအသွားအပြန်ရှိတယ်ဆိုတာမှန်တယ်။
ကျွန်တော်P Premကိုချစ်မချစ်ခုထိမသေချာသေးပေမဲ့
P Premရဲ့ အချစ်နဲ့မေတ္တာကိုတော့တုန့်ပြန်ခံစားတက် ခဲ့ပြီလေ။တဖြေးဖြေးရင်းနှီးလာတဲ့သူ့ကိုယ်သင်းနံ့ကိုရှူရှိုက်နေမိရင်းသူ့ရင်ခွင်ကျယ်ထဲထပ်တိုးဝင်မိတဲ့အခါလှုပ်လှုပ်ရှားရှားဖြစ်သွားလို့ထင်ရဲ့သူနိုးလာပြီးတော့ကျွန်တော့ဆံပင်ကိုသပ်ပေးပြီးကျွန်တော့ကျောကိုပွတ်ပေးလာတယ်။Prem-"Wad လေး နိုးနေပြီလား"
Wad-"Uhmm "
သူ့ရင်ခွင်ထဲကနေအွန်းလို့ပြန်ဖြေတော့ရင်ခွင်ထဲမျက်နှာအပ်ထားတဲ့ကျွန်တော့ကိုနဲနဲဆွဲခွာပြီးတော့ကျွန်တော့နဖူးကိုငုံ့နမ်းပြီးဆက်ပြောလာတယ်။
Prem-"ထနိုင်လား Nong ။Pရေချိုးခန်းထဲချီသွား ပေးရမလား"
P Prem စကားကြောင့်ရှက်သွားပေမဲ့ခပ်တိုးတိုးပဲ ရယ်နေလိုက်မိတော့တယ်။မနေ့ညကသူ့စိတ်ကြိုက်လွှတ်ပေးထားလိုက်လို့သူလွန်တာသူသိပြီးအလိုက်တသိမေးလာတာမို့ပါ။
Wad-"ကိုယ့်ဘာသာသွားပါ့မယ် P ရာ။ P Prem "
Prem-"Krub"
Wad-"ကျွန်တော်ဗိုက်ဆာတယ်။ဒီနေ့တော့ကျွန်တော် ဘာမှချက်ပြုတ်ဖို့လုပ်နိုင်မှာမဟုတ်ဘူး။အဲ့တာ ..."
Prem-"P ပဲလုပ်ပေးမယ်။Wad လေးနားနေအုံး လေ။မနက်စာPခုပဲပြင်လိုက်မယ်။"
ကျွန်တော့စကားတောင်မဆုံးသေးပြာပြာသလဲပြောလာတဲ့P Prem ကိုကြည့်ပြီးရယ်လိုက်မိတယ်။
YOU ARE READING
Their Story
FanfictionPrem X Wad Fanfiction Sotus S Serie ကျရင်အပြတ်Ship မယ်လို့အားခဲထားပြီးမပါလာလို့ကြေကွဲမိပြီး ဒီFic လေးရေးလိုက်မိတယ်။ Premxwad Fic ဖတ်ချင်တယ်လို့ပူဆာနေတဲ့ ငါ့ညီမလေး @Mayphoo လဲကျေနပ်မယ်ထင်တယ်။ကိုယ့်ပုံစံအတိုင်းအဆွိလေးတော့များမယ်ပေါ့နော်။