Chaper 31 ( Unicode )

676 39 8
                                    

(Warning  - This part is Rated S.P.G )

Prem P.O.V

' ကျွန်တော် P ကိုအရမ်းစိတ်ပျက်တယ် P ' တဲ့ ။

ပြောရက်လိုက်တာ Nong ။

ကျွန်တော့မျက်လုံးကိုတည့်တည့်ဆိုင်ဆိုင်ကြည့်လို့ပြော
လာတဲ့သူ့စကားအတိုင်း သူ့အကြည့်တွေက ကျွန်တော့ကိုစိတ်ပျက်ခြင်းအပြည့်ပါ ။

ကျွန်တော်အရမ်းတုန်လှုပ်သွားမိတယ် ။ ဘယ်သူတွေကကျွန်တော့ကိုဘယ်လိုပဲစွပ်စွဲနေပါစေ ၊ သူသာကျွန်တော့ကိုယုံကြည်ပေးရင်ဖြစ်ပြီဆိုတဲ့စိတ်နဲ့စိတ်တင်းနေနေခဲ့တာ ။ ခုကျတော့ သူ့ဆီကကြားလိုက်ရတဲ့ စကားကစိတ်ပျက်တယ်တဲ့လား ။

ကျွန်တော်ဆက်ပြီးတော့သူ့မျက်နှာကိုကြည့်ဖို့အားမရှိ
တော့လို့သူ့ရှေ့ကထွက်လာခဲ့တယ် ။ ကျောခိုင်းပြီးထွက်လာခဲ့တဲ့ကျွန်တော်က ထွက်သွားဖို့ပြောခဲ့တဲ့သူ့ဆီကနေ လှမ်းခေါ်လေအုံးမလားဆိုပြီး မျှော်လင့်နေမိသေးတဲ့ ကျွန်တော်က တကယ်တော့အရူးပါ ။

ကျောင်းကိုလဲပြန်ချင်စိတ်မရှိ ။ ဘယ်နေရာကိုမှလဲသွားချင်စိတ်မရှိလို့ကျွန်တော်တို့၂ယောက်ရဲ့တိုက်ခန်းလေးကိုပဲကျွန်တော်ပြန်လာခဲ့တယ် ။ အခန်းလေးထဲဝင်လိုက်ချိန်မှာကျွန်တော်တို့၂ယောက်ရဲ့အတူတူစနေချိန်ထဲကဖြစ်ခဲ့တဲ့ ကတောက်ကဆလေးတွေရော၊ပျော်စရာလေးတွေ ကိစ္စများစွာအကုန်ပြန်ပေါ်လာတယ် ။ ကျွန်တော်တို့၂ယောက်ရဲ့အိပ်ခန်းထဲက၂ယောက်အိပ်ကုတင်ပေါ်ကိုပစ်လှဲပစ်လိုက်တယ် ။ မျက်စိကိုတင်းတင်းမှိတ်လို့အရင်ရက်တွေထဲကဖြစ်ခဲ့တဲ့အကြောင်းအရာတွေအကုန်ပြန်စဉ်းစားကြည့်တယ် ။ ဖြစ်ခဲ့သမျှထဲကျွန်တော်ဖက်ကလွန်ခဲ့တာဘာရှိခဲ့သလဲ ။ အဲ့ဖြူဖတ်ဖတ်နဲ့ရောဂါသည်ကောင်လေးကိုထိုးခဲ့မိတာလား။ အဲ့ကောင်လေးရဲ့ဒေါသကိုဆွလာတဲ့စကားလုံးတွေကိုသည်းမခံလိုက်နိုင်တာလား ။ ဘာလို့များလဲ ။ ဘာလို့ Wad က အမြဲအတူတူရှိနေတဲ့ကျွန်တော့ထက် ဟိုမူယာမာယာများပြနေတဲ့ကောင်ကိုမှ ပိုယုံနေရတာလဲ ။ ကျွန်တော်ပြောပြချင်တယ် ။ ဒီကောင်လေးကတမင်တကာကို ကျွန်တော့ကိုသူ့ရှေ့မှာလူဆိုးဖြစ်အောင်လုပ်ခဲ့တာဆိုတာကိုပေါ့ ။ ကျွန်တော့ကျောင်းလွယ်အိတ်ထဲကနေဖုန်းမြည်သံကြားတယ် ။ Vibrattion သံတဒူဒူမြည်နေတဲ့ ကျွန်တော့ဖုန်းကိုလဲလျစ်လျူရှုပြီးနေလိုက်တယ် ။ ဒီအချိန်မှာဖုန်းခေါ်နေတာ ကျွန်တော့သူငယ်ချင်းတွေကလွဲလို့ဘယ်သူရှိနေအုံးမှာလဲ ။ ကျောင်းမှာမနက်ကကိစ္စဖြစ်တဲ့ကိစ္စကအခုချိန်လောက်ဆို ကျွန်တော်ကောင်လေးတယောက်ကိုလှေကားပေါ်ကတွန်းချခဲ့တယ်ဆိုတဲ့အကြောင်းကပျံနေလောက်ရောပေါ့ ။ ဖုန်းဆက်ကြတယ်ဆိုတာလဲ ဒီအကြောင်းကိုမေးချင်ကြလို့ပဲနေမှာပဲ ။ အခုအချိန်မှာကျွန်တော်ဘယ်သူနဲ့မှဒီအကြောင်းရဲ့ဖြစ်စဉ်ကိုမပြောပြချင်ဘူး ။ အပြောချင်ဆုံးသူကလဲနားထောင်ချင်တဲ့စိတ်လေးတောင်ရှိမနေခဲ့ဘူးလေ ။ သူ့ရှေ့မှာကျွန်တော့ကိုတောင်မမြင်ချင်နေခဲ့ဘူးမဟုတ်လား ။ ကျွန်တော်တို့၂ယောက်ရဲ့ရှေ့ဆက်ရသွားရမယ့်ဇာတ်လမ်းကအက်ကြောင်းရာထင်ခဲ့လေပြီလားလေ ။ ကျွန်တော့ခေါင်းထဲအတွေးတခုဝင်လာတယ် ။ ကျွန်တော်လှဲနေရာကနေထပြီးကုတင်မှာခြေဆင်းထိုင်လိုက်တယ် ။

Their StoryWhere stories live. Discover now