Wad P.O.V
Traditional Wedding Ceremony
ကျွန်တော်နဲ့P Prem ရဲ့မင်္ဂလာပွဲကိုထိုင်းရိုးရာအတိုင်း ဆောင်ပေးခဲ့တာပါ။အခမ်းအနားအတွက်ကို The Siam Hotel Ballroom ကိုငှားရမ်းထားခဲ့တာဖြစ်ပါတယ်။ မင်္ဂလာပွဲစတဲ့အချိန်ကမနက်၉နာရီကဖြစ်ပေမဲ့၂ဖက်ဆွေ
မျိုး အသိုင်းဝိုင်းတွေကတော့မင်္ဂလာအခမ်းအနားမစခင် အချိန်စောစောကထဲကရောက်နှင့်နေကြပြီလေ။ရောက်နှင့်နေကြပြီဖြစ်တဲ့ဆွေမျိုးတွေကိုတော့၂ဖက်မိဘ
တွေကဧည့်ခံနှင့်ကြပြီးBallroom ထဲမှာဓာတ်ပုံလိုက် ရိုက်နေကြတဲ့သူတွေနဲ့Hotel ၀င်းထဲမှာဓာတ်ပုံလိုက် ရိုက်နေကြတဲ့သူတွေနဲ့မင်္ဂလာအခမ်းအနားစင်မြင့်ပြင်ဆင်ထား တဲ့နေရာမှာဓာတ်ပုံလိုက်ရိုက်ကြတဲ့လူတွေနဲ့လှုပ်လှုပ် ခတ်ခတ်ဖြစ်နေကြတယ်။ကျွန်တော်နဲ့P Premကတော့မင်္ဂလာပွဲကျင်းပချိန်မှတွေ့ ရမယ်လို့ကျွန်တော့Maaကပြောလာတာမို့ခပ်ကောင်း
ကောင်းဖြစ်သွားသလိုပါ။ဘာလို့ဆိုသူ့ကိုမျက်နှာချင်းဆိုင်ဖို့ကိုကျွန်တော်စိတ်လှုပ်ရှားနေတာကြောင့်မို့ပါ။P Prem ရောကျွန်တော့လိုပဲဖြစ်နေလိမ့်မလား။သူက ကျွန်တော့ထက်ဒီမင်္ဂလာပွဲကိုလိုလားနေတဲ့သူမို့လို့ဒီနေ့ဆိုသူကျွန်တော့ထက်တောင်ပိုစိတ်လှုပ်ရှားနေလိမ့်မယ်လို့ထင်မိတယ်။ကျွန်တော်ဝတ်ရမယ့်သတို့သားဝတ်စုံကိုဝတ်လိုက်ရင်းမှန်ရှေ့မှာကိုယ့်ပုံကိုယ်သေချာကြည့်နေမိတယ်။
ဒီနေ့ဒီပုံစံဟာကျွန်တော့ရဲ့Singleဆိုတဲ့ဘ၀ကြီးနိဂုံးမ
ချုပ်ခင်တွေ့ရတဲ့နောက်ဆုံးပုံစံပဲလေ။စိတ်ထဲမှာဝမ်းနည်း
သလိုလို၊တခုခုကိုမကျေမနပ်ဖြစ်နေသလိုလို၊ပျော်သလိုလို၊မပျော်သလိုလိုနဲ့ဒီFeelingကမင်္ဂလာဆောင်ခါနီးလူတိုင်း
ဖြစ်လေ့ဖြစ်ထရှိတဲ့Feelingမျိုးပဲလား။အသက်ကိုပြင်းပြင်းရှူပြီးဟူးကနဲရှိုက်ထုတ်လိုက်မိတယ်။Wad Maa-"သား ပြင်လို့ပြီးပြီလား။မကြာခင်Nong Prem တို့လာမယ်နော်"
Maaကအနားရောက်လာပြီးကျွန်တော့အ၀တ်အစားကို
သပ်သပ်ရပ်ရပ်ရှိမရှိသေချာကြည့်ပြီးသူ့မျက်စိထဲနေရာမကျတာတွေကိုပြင်ပေးနေတယ်။
YOU ARE READING
Their Story
FanficPrem X Wad Fanfiction Sotus S Serie ကျရင်အပြတ်Ship မယ်လို့အားခဲထားပြီးမပါလာလို့ကြေကွဲမိပြီး ဒီFic လေးရေးလိုက်မိတယ်။ Premxwad Fic ဖတ်ချင်တယ်လို့ပူဆာနေတဲ့ ငါ့ညီမလေး @Mayphoo လဲကျေနပ်မယ်ထင်တယ်။ကိုယ့်ပုံစံအတိုင်းအဆွိလေးတော့များမယ်ပေါ့နော်။