Prem P.O.V
ပြီးခဲ့တဲ့ Weekend လေးဟာကျွန်တော်တို့၂ယောက် အတွက်တကယ်ကိုလှပပြီးစိတ်ချမ်းသာဖို့ကောင်းတဲ့
Weekendလေး။ဒီနေ့တော့ကျောင်းတက်ရမယ့်နေ့မို့လို့ခါတိုင်းလိုပဲကျောင်းကိုထွက်လာရင်းသူဆင်းနေကျကျောင်းဂိတ်မရောက်ခင်နေရာလေးမှာမဆင်းစေချင်ပေမဲ့သူဆင်းရအောင်ကားရပ်ပေးလိုက်တော့။
မထင်ထားဘူး။
သူကျွန်တော့လက်တဖက်ကိုအုပ်ကိုင်လာပြီးမဆင်းတော့ဘူးလို့ပြောလာလို့ကျွန်တော်ဘယ်လောက်တောင်ပျော်
သွားတယ်ဆိုတာ။ခုချိန်ကိုယ့်စိတ်တိုင်းကျသာဆိုချက်ချင်းဆွဲဖက်ထားလိုက်
ချင်ပေမဲ့ဘေးဘီဝဲယာကသွားလာနေတဲ့ကျောင်းသားတွေ
ရှိနေတာကြောင့်စိတ်လျော့လိုက်ပြီးတော့ကားကိုပြန်မောင်းထွက်လာလိုက်တယ်။Engineering Car Parking ရောက်မှကားကို နေရာရှာရပ်လိုက်ပြီး တော့မှဆင်းဖို့ပြင်နေတဲ့Wad လက်လေးကိုဆွဲလိုက်ရင်းရင်ခွင်ထဲထည့်ဖက်ထားမိတော့ကျွန်တော့ကျောပြင်ပြင်ပြန်လည်ဖက်တွယ်လာတဲ့သူ။
"ကျေးဇူးပါ Nong "
ကျွန်တော့စကားကြားတော့သူဖက်ထားရာကခွာလိုက်ပြီးကျွန်တော့ပါးတဖက်ကိုနမ်းလိုက်ရင်း
"ကျွန်တော်ကပြောရမှာ။ခုထိစိတ်ရှည်ရှည်နဲ့စောင့်နေပေးတဲ့အတွက်ကျေးဇူးပါP "တဲ့။
ကားပေါ်ကဆင်းပြီအဆောင်ကို၂ယောက်တူတူလမ်း
လျှောက်လာတော့သူကသူ့စတိုင်အတိုင်းဘယ်သူ့ကိုမှ
ဂရုမထားမိတဲ့ပုံနဲ့ဘောင်းဘီအိတ်တဖက်တချက်စီထဲ
လက်ထည့်ပြီးလျှောက်သွားနေတဲ့သူ့ပုံစံကModelတ
ယောက်အလား။သူဖြတ်လျှောက်သွားတိုင်းယောက်ျားလေးတွေရော
မိန်းကလေးတွေရောကွက်ကြည့်ကွက်ကြည့်နဲ့။ဒီလိုစတိုင်ကျပြီးချောခန့်နေတဲ့Wadကကျွန်တော်ပိုင်
ဆိုင်ထားတဲ့ကျွန်တော့လူဆိုတာကိုတွေးမိတော့မျက်နှာ
ကအလိုလိုမော့သွားမိတော့တယ်။ဒါပေမဲ့ကျွန်တော့Wad ကိုအဲ့လိုလိုက်ကြည့်နေတဲ့ မျက်လုံးတွေကို တော့စိတ်ထဲကနေအလုံးတိုင်းကို လိုက်ထိုးဖောက်နေမိတာစိတ်ထဲကစေခိုင်းသမျှဖြစ်
ကြေးသားဆိုအဲ့လူတွေတယောက်မှမျက်စိအကောင်း
ရှိမယ်မထင်ဘူး။

YOU ARE READING
Their Story
FanfictionPrem X Wad Fanfiction Sotus S Serie ကျရင်အပြတ်Ship မယ်လို့အားခဲထားပြီးမပါလာလို့ကြေကွဲမိပြီး ဒီFic လေးရေးလိုက်မိတယ်။ Premxwad Fic ဖတ်ချင်တယ်လို့ပူဆာနေတဲ့ ငါ့ညီမလေး @Mayphoo လဲကျေနပ်မယ်ထင်တယ်။ကိုယ့်ပုံစံအတိုင်းအဆွိလေးတော့များမယ်ပေါ့နော်။