Wad P.O.V
ညနေကျောင်းဆင်းတော့ အရင်နေ့တွေအတိုင်း ကျွန်တော့မိဘအိမ်သွားပြီးတော့ Mae ဆီမှာ ဟင်းချက်နည်းသွားသင်တယ် ။သင်နေတာ ၁လကျော်ကြာလာပြီဆိုတော့ တော်တော်များများ ချက်တက်နေပါပြီ ။
စစချင်းတုန်းကတော့ဒီလိုသင်နေရတာသိပ်စိတ်မပါပေမဲ့ အခုတော့တဖြည်းဖြည်းပျော်လာတယ် ။ချက်ပြုတ်ပြီးလို့ ကိုယ်ချက်ပြုတ်ထားတာကို အရသာရှိရှိစားနေတာကို မြင်ရင်လဲပီတိဖြစ်မိတယ် ။ P Prem ရဲ့ကောင်းတဲ့ အချက်တချက်က ကျွန်တော်ချက်ပြုတ်တာ အရသာရှိ တာပဲဖြစ်ဖြစ် ၊မရှိတာပဲဖြစ်ဖြစ် ချက်ပေးသမျှအားလုံး အရသာရှိတယ် ၊စားလို့ကောင်းတယ်ဆိုတာကြီးပါပဲ ။
တခါတလေကျွန်တော်ချက်ထားတာကျွန်တော်ကိုယ်တိုင်
တောင်စားရတာတခုခုလိုနေသလိုဖြစ်နေတာ သူကတော့ အားရပါးရစားသွားတာကြီးပဲ ။အဲ့တော့လဲ သူ့ကိုတကယ် ကောင်းကောင်းစားစေချင်တဲ့စေတနာကပိုလာမိတော့တာမို့ ချက်တဲ့ပြုတ်တဲ့ထဲမှာစိတ်ကပိုဝင်စားမိလာတော့တာပါ။ဒါပေမဲ့တခါတလေတော့လဲအိမ်ထောင်ရှင်မိန်းမကြီးလို
ကိုယ့်ကိုကိုယ်ခံစားမိလို့စိတ်ပျက်မိသလိုခံစားရတာလဲ
ရှိတယ်။ အိမ်မှာချက်ပြုတ် ၊လျှော်ဖွတ် အဲ အ၀တ်လျှော် စက်ထဲပစ်ထည့်လျှော်တာပေမဲ့ပေါ့ ၊နောက် အိမ်သန့်ရှင်း ရေးအကုန်ကျွန်တော်တယောက်ထဲလုပ်နေရသလိုပဲ ။P Prem ကနောက်နေ့ကျောင်းသွားရင်ဝတ်မယ့် အကျီတော့မီးပူကော့နေအောင်တော့တိုက်ပေးဖော်တော့
ရပါတယ် ။ဒါပေမဲ့ အိမ်သန့်ရှင်းရေးကတော့ ရှင်းဖို့ထက် ဖွဖို့ပဲပိုအားသန်တဲ့သူ ။ဧည့်ခန်းမှာပြောင်နေအောင် စနစ်တကျရှင်းထားရင် သူအဲ့တာနားခဏလောက်သွားပြီး တခုခုလုပ်လိုက်တာနဲ့ အကုန်ဗြုတ်စားဗျင်းတောင်း
ပြန်ဖြစ်တာပါပဲ။ကျွန်တော်ကမိဘအိမ်မှာနေကထဲကကိုယ်နေတဲ့ကိုယ့်အ
ခန်းကိုတော့သန့်ရှင်းနေမှသဘောကျတက်တဲ့သူဆိုတော့ အမြဲရှင်းဖြစ်တယ် ။ ကြည့်ရတာသူကတော့ သူ့အဆောင် မှာသူတယောက်ထဲနေတုန်းကကြွက်သိုက်လိုပဲနေခဲ့တာနဲ့တူပါရဲ့ ။
YOU ARE READING
Their Story
FanficPrem X Wad Fanfiction Sotus S Serie ကျရင်အပြတ်Ship မယ်လို့အားခဲထားပြီးမပါလာလို့ကြေကွဲမိပြီး ဒီFic လေးရေးလိုက်မိတယ်။ Premxwad Fic ဖတ်ချင်တယ်လို့ပူဆာနေတဲ့ ငါ့ညီမလေး @Mayphoo လဲကျေနပ်မယ်ထင်တယ်။ကိုယ့်ပုံစံအတိုင်းအဆွိလေးတော့များမယ်ပေါ့နော်။