Prem P.O.V
Wad လေးကိုနေ့လယ်မှတွေ့မယ်လို့ပြောပြီးတော့ ထွက်သာလာခဲ့ရတယ်။စိတ်ကတကယ်ကိုမတင်မကျ ။
Nong Bank ဆိုတဲ့နာမည်ကြားတာနဲ့စိတ်ထဲက ဘယ်လိုမှနေရတာအဆင်ပြေမနေတော့ပါ ။
ခုလဲဘာကိစ္စနဲ့ သူကအမေဆိုတဲ့သူက Wad ကိုလာရှာရတာလဲ ။တကယ်ဆိုရင်သူ့သားနဲ့ Nong Wad ကသူငယ်ချင်းဆက်ဆံရေးရှိတယ်လို့တောင် ပြောလို့မရ တာကို ။Knot – " Ai Prem မင်းရုပ်ကြီးကလဲမအီမသာနဲ့ ဘာဖြစ်နေတာလဲ။စပါယ်ရှယ်မွေးနေ့လက်ဆောင်ရထားတာတောင် မင်းရုပ်ကြီးကဘာဖြစ်နေရတာလဲ။ စကားများလာတာတော့မဟုတ်ဘူးမလား "
Prem -" မများပါဘူး"
Arthit -" မဖြစ်ဘူးသာဆိုတယ်။အတန်းထဲဝင်လာ ထဲကမင်းမျက်နှာကြီးကလငပုတ်ဖမ်းနေတာ"
' Owee Ai Prem .. Ai Arthit .. P Dee ကသူ့ဆီကိုခဏလာခဲ့ပါအုံးပြောစရာရှိလို့တဲ့ ။
Ai Knot ရော 'ပထမအချိန်ပြီးသွားလို့အတန်းထဲမှာပဲထိုင်နေကြတုန်း အိမ်သာသွားအုံးမယ်ဆိုပြီးထွက်သွားတဲ့ Ai Bright ကအခန်းဝကနေလှမ်းအော်ပြောလို့ ကျွန်တော်တို့တွေ အကုန်လုံးနေရာထထွက်လာလိုက်ကြတယ် ။ P Dee ဆီရောက်တော့ P Dee က နောက်လာမယ့်အပတ် မှာမေဂျာပေါင်းစုံအားကစားပြိုင်ပွဲရှိတာကြောင့်မို့လို့
စီနီယာတန်းဖြစ်တဲ့ကျွန်တော်တို့ကိုတာဝန်ယူပေးစေချင်
ကြောင်း ၊ဒါကြောင့်မို့လို့ခုနေ့လယ်မှာမေဂျာစုံက ကျောင်းသားခေါင်းဆောင်တွေအကုန်လုံးစုပြီးအစည်း
အဝေးလုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အဖွဲ့ကို
အစည်းအဝေးသွားတက်စေချင်ကြောင်းပြောလာလို့
ကျွန်တော်တို့လုပ်ပေးပါမယ်ဆိုတဲ့အကြောင်းပြောပြီး
တော့ကိုယ့်အတန်းကိုယ်ပြန်လာလိုက်ကြတယ်။အတန်းချိန်နောက်တချိန်ဆက်တက်ပြီးအတန်းဆင်းတော့ကျွန်တော် Nong Wad ဆီကိုဖုန်းလှမ်းခေါ်လိုက်တယ်။ ဖုန်းက Ring ၃ခါလောက်မြည်ပြီးတဲ့အခါ ချစ်ရသူအသံ လေးကိုကြားလိုက်ရတယ်။ကျွန်တော်မပြုံးပဲမနေနိုင်ပါဘူး ။
** Hello P .... ကျွန်တော်တို့အခုပဲအတန်းဆင်းလို့ ကင်တင်းလာနေပြီ
Aww Nong .. P တို့ကင်တင်းမလာဖြစ်တော့ဘူး။
အခု P တို့အားလုံးနောက်တပတ်ကျမေဂျာစုံအားကစား ပြိုင်ပွဲအတွက်အစည်းအဝေးသွားတက်ရမှာမို့လို့မလာနိုင်တော့ဘူး
YOU ARE READING
Their Story
FanfictionPrem X Wad Fanfiction Sotus S Serie ကျရင်အပြတ်Ship မယ်လို့အားခဲထားပြီးမပါလာလို့ကြေကွဲမိပြီး ဒီFic လေးရေးလိုက်မိတယ်။ Premxwad Fic ဖတ်ချင်တယ်လို့ပူဆာနေတဲ့ ငါ့ညီမလေး @Mayphoo လဲကျေနပ်မယ်ထင်တယ်။ကိုယ့်ပုံစံအတိုင်းအဆွိလေးတော့များမယ်ပေါ့နော်။