Wad P.O.V
Three years Later .....
P Prem ကကျောင်းပြီးပြီးတော့ ဘွဲ့လွန်ကို စီးပွားရေးပိုင်းထပ်ယူခဲ့ပြီ့း အခုBangkok မှာရှိတဲ့သူ့အဖေရဲ့ကုမ္မဏီမှာ Management ပိုင်းမှာအလုပ်ဝင်နေပါပြီ ။
ကျွန်တော်ကတော့ကျောင်းနောက်ဆုံးနှစ်ရောက်နေခဲ့ပြီး
ကျောင်းကစီစဉ်တဲ့ကုမ္မဏီတွေထဲကထိပ်တန်းတခုမှာအင်တာဗျူးအောင်မြင်ခဲ့ပြီးတော့အလုပ်သင်ကျောင်းသားအဖြစ်လုပ်နေရင်းတဖက်ကကျောင်းကပေးထားတဲ့စာတမ်းတွေ Project တွေကိုလုပ်နေရပါတယ် ။ကျွန်တော်တို့၂ယောက်ရဲ့အခုနေ့စဉ်ဘ၀ကတော့ မနက်ဆို P Prem အိပ်ရာကမနိုးခင်ကျွန်တော် အရင်ထပြီးတော့ မနက်စာပြင်ဆင်တယ် ။ ပြင်ဆင်ပြီးရင်အလုပ်သွားဖို့ရေမိုးမချိုးခင်မှာ
P Prem ကိုနိုးတယ် ။ ကျွန်တော်ရေချိုးပြီးလို့ ထွက်လာရင် P Prem ကအိပ်ရာကို သပ်သပ်ရပ်ရပ်လုပ်ပြီးတော့ ကျွန်တော့နှုတ်ခမ်းကို အနမ်းတပွင့်ပေးတယ်။ ပြီးရင်သူလဲအလုပ် သွားဖို့ပြင်ဆင်ရမှာမို့ရေချိုးခန်းဝင်တော့တယ် ။P Prem ရေချိုးခန်းဝင်နေတုန်းမှာကျွန်တော် အ၀တ်အစားလဲပြီးတော့ထမင်းစားခန်းမှာမနက်စာစား ကော်ဖီသောက်ရင်းနဲ့ Line ကနေ Kong တို့နဲ့ Group Chat ထဲမှာစကားပြောနေလိုက်တယ် ။ ကျွန်တော်စားနေတုန်း P Prem ကအ၀တ်အစား လဲပြီးတော့အနားလာဝင်ထိုင်တယ် ။ ပြင်ပေးထားတာ တွေကိုယူစားရင်းနဲ့စကားစလာတယ် ။
Prem – " Nong ဒီနေ့ကျောင်းသွားမှာလား ။ intern company ကိုသွားမှာလား "
Wad - " ကျောင်းသွားမှာ P ။ ဒီနေ့ကျွန်တော် စာတမ်းအကြမ်းကို Professor ဆီတင်ပြရမယ် ။ Kong တို့ရောပဲ ။ ကျွန်တော်တို့ ကျောင်းမှာပဲဆုံဖို့ချိန်းထားပြီးပြီ "
Prem - " OK .. ဒါဖြင့် P ကျောင်းကို
လိုက်ပို့ပေးမယ် "Wad - " ရပါတယ် P ရဲ့ ။ P အလုပ်နဲ့ကျောင်းနဲ့ကဝေးတယ် ။ ကျွန်တော့ဘာသာသွားလိုက်ပါ့မယ် ။ တော်ကြာအလုပ်နောက်ကျနေမယ် "
Prem - " ရပါတယ် ။ ဘာမှမဖြစ်ဘူး ။ ဘာလဲ ။ ဒီနှစ်တက်လာတဲ့အသစ်လေးတွေရှေ့မှာ ယောက်ျားရှိတာမပြောပြချင်လို့လား .. ဟွန် "
YOU ARE READING
Their Story
FanfictionPrem X Wad Fanfiction Sotus S Serie ကျရင်အပြတ်Ship မယ်လို့အားခဲထားပြီးမပါလာလို့ကြေကွဲမိပြီး ဒီFic လေးရေးလိုက်မိတယ်။ Premxwad Fic ဖတ်ချင်တယ်လို့ပူဆာနေတဲ့ ငါ့ညီမလေး @Mayphoo လဲကျေနပ်မယ်ထင်တယ်။ကိုယ့်ပုံစံအတိုင်းအဆွိလေးတော့များမယ်ပေါ့နော်။