Chapter 34 (Z&U)

645 68 13
                                    

Prem P.O.V

စကားကတောက်ကဆကိုပြင်းပြင်းထန်ထန်မဖြစ်တာ
ကြာပြီဖြစ်တဲ့ကျွန်တော်တို့၂ယောက်မနေ့က ကလေးကိစ္စနဲ့စကားကတောက်ကဆဖြစ်အပြီးမှာ ၃နှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်တယောက်
မှအလျော့မပေးပဲနဲ့ကျောခိုင်းအိပ်ခဲ့ကြတယ် ။

ဒီနေ့မနက်ရောက်တော့လဲ Wad ကအလျော့ပေးချင်တဲ့ပုံစံမပြပဲ စကားထပ်စဖို့ပြင်နေသေးတာမို့လို့ ကျွန်တော်ကလေးကိစ္စကိုအဟတောင်မခံပဲနဲ့ ကုမ္ပဏီကိုစောစောထွက်လာခဲ့လိုက်တယ် ။ ခါတိုင်းလိုသူ့ကိုတောင်လိုက်မပို့တော့ပဲနဲ့ပေါ့ ။ တူတူသွားဖြစ်ရင် Wad က ကလေးကိစ္စ စကားစလာအုံးမယ်ဆိုတာသိလို့ပါ ။ ဒါတောင်ကျွန်တော်ကုမ္ပဏီရောက်တော့ Phone Message ၀င်လာလို့ ကြည့်လိုက်တော့ သူပြောတာကိုစဉ်းစားပေးဖို့ပြောတာဖြစ်နေတာမို့လို့ စိတ်ရှုပ်ရှုပ်နဲ့အော်လိုက်မိတော့တယ် ။

တနေ့လုံးအလုပ်သာလုပ်နေတာ စိတ်ကမပါဘူး ။ ဒါကြောင့်တစ်ယောက်ယောက်နဲ့တိုင်ပင်ဖို့
ဆုံးဖြတ်လိုက်တော့ Ai Knot ကိုသတိရလိုက်တယ် ။ Ai Knot ကကျောင်းတက်ကထဲက ကျွန်တော်တို့သူငယ်ချင်းတွေကြားမှာ တိုင်ပင်ဖော်လဲဟုတ်သလို ကျွန်တော်တို့ ဆိုးသမျှကိုလိုက်ထိန်းပေးတဲ့သူဖြစ်လို့ ကျွန်တော်တို့ အားလုံးကသူ့ကလေးတွေဆိုပြီး စနောက်နေကျ ။

ခုကျောင်းပြီးတော့လဲ ကျွန်တော်တို့သာကုမ္ပဏီမှာ အလုပ်တွေဝင်ကုန်ကြတာ သူကတော့ကျောင်းမှာပဲ ပါမောက္ခလုပ်ပြီးကျန်ခဲ့သူ ။ ဒါကြောင့်ကျွန်တော်
Ai Knot ဆီဖုန်းဆက်ပြီး ရုံးဆင်းရင် Bright ရဲ့ဆိုင်မှာတွေ့ရအောင်လို့လှမ်းချိန်းလိုက်တယ် ။ Bright ကကျောင်းပြီးကထဲက အေးအေးဆေးဆေး Bar ဖွင့်ပြီးအဆင်ပြေနေတယ် ။ သူငယ်ချင်းတွေဆုံကြမယ်ဆိုရင် တခြားနေရာတွေ စဉ်းစားမနေတော့ပဲ Ai Bright ဆိုင်မှာပဲဆုံဖြစ်ကြတာများတယ် ။

ကျွန်တော် Wad ဆီကို ညနေရုံးဆင်းရင် Ai Knot တို့နဲ့ Bright ရဲ့ဆိုင်မှာတွေ့မှာမို့အိမ်ပြန် နောက်ကျမယ့်အကြောင်း Message ပဲလှမ်းပို့လိုက်တော့တယ် ။ ခါတိုင်းလဲဒီလိုပဲ သူငယ်ချင်းတွေဆုံနေကျမို့လို့ Wad ဆီက
okay ဆိုတဲ့ Message ပြန်ပို့လာတာက လွဲလို့တခြားဘာမှပြောမလာဘူး ။
ညနေရုံးဆင်းတော့ Ai Bright ဆိုင်ကိုပဲတန်းသွားလိုက်တယ် ။

You've reached the end of published parts.

⏰ Last updated: Mar 29, 2020 ⏰

Add this story to your Library to get notified about new parts!

Their StoryWhere stories live. Discover now