#မရှိလည်းဖြစ်တယ်..
.
.
ကိုယ်ပြောနေကျ စကားအတိုင်းပေါ့..
ထပ်ပြောပါရစေ..
မင်းမရှိလည်း ဖြစ်တယ်..
.
မရှိခင်ကလည်း နေတတ်ခဲ့တာပဲ မဟုတ်လား..
မင်းရှိလာတော့..
ဘ၀က အရောင်အသွေးစုံလာတယ်..
အရာရာဟာ နေပျော်စရာဖြစ်လာတယ်..
မင်းမရှိတော့ရင်.. ခြောက်သွေ့သွားမယ်..
ဒီလောက်ပါပဲ..
မသေပါဘူး..
အဲဒီတော့ မင်းမရှိလည်းဖြစ်ပါတယ်..
.
ချစ်တယ်ဆိုတာ ကောင်းတဲ့အလုပ်ပဲ..
မချစ်နိုင်တာလည်း.. ရွေးချယ်ခွင့်ပဲ..
ရထားခရီးစဉ်တစ်ခုမှာ အတူတူဆုံကြတယ်..
တစ်ယောက်က ကြိုဆင်းသွားတယ်..
တစ်ယောက်က ကျန်ရစ်ခဲ့တယ်..
မင်းမကြည်ဖြူတော့.. မင်းနဲ့အတူ လိုက်ဆင်းခွင့်မပေးခဲ့ဘူး..
မင်းမချစ်တော့.. ကိုယ်နဲ့အတူ ရထားပေါ်မနေရစ်ခဲ့ဘူး..
ဒါပဲလေ..
ရင်ထဲမကောင်းဘူး.. ဒါပေမဲ့ လက်ခံရမှာပဲ..
.
စိတ်မပူပါနဲ့..
အပြစ်မကင်းစိတ်တွေ မ၀င်ပါနဲ့..
ကိုယ်မသေပါဘူး..
ဒါကြောင့်.. မင်းဘ၀ကို ပျော်ရွှင်စွာ ခရီးဆက်ပါ..
စိတ်ပျော်ရာရထားကို ပြေးတက်ပါ..
မင်းချစ်နိုင်တဲ့လူနဲ့တွေ့ရင်.. သူ့ခရီးဆုံးထိလိုက်သွားလိုက်ပါ..
ဒါမှမဟုတ်..
မင်းနဲ့အတူ ဘူတာတစ်ခုတည်းအတူဆင်းဖို့ ဖိတ်ခေါ်ပါ..
ချစ်သွားရင်.. အတူရှိဖို့ ကြိုးစားသင့်တယ်မဟုတ်လား..
ကိုယ်အစွမ်းကုန် ကြိုးစားခဲ့သလိုပေါ့..
.
ဘယ်တတ်နိုင်မှာလဲ..
အချစ်ရေး ကံခေမခေဆိုတာ..
အဆုံးအဖြတ်က မင်းလက်ထဲရောက်သွားတာကိုး..
မင်းအမိန့်သာ.. အတည်ဖြစ်သွားတာပေါ့
.
မညာဘူး တကယ်..
မင်းမရှိလည်း.. ကိုယ်နေလို့ရတယ်..
တစ်ယောက်တည်းလည်း.. ဖြစ်တယ်..
ဘ၀ဟာ အရောင်အသွေးမစုံတော့တာကလွဲလို့..
မင်းမပါတဲ့ ခရီးကို..
ဘာကြောင့် ခရီးဆက်နေလဲ မသိတော့တာကလွဲလို့..။
..
.
.
#ပက်ထရစ်
၁၁_ဇူ_၁၇
Credit from.facebook
YOU ARE READING
ကျွန်မ ချစ်သော စာစုများ
Nouvellesမိုက်မဲလိုက်ခြင်းဆိုတဲ့ ချီးကျူးစကားတွေမှာ ပျော်မွေ့နေတဲ့ မိန်းမဟာ ကိုယ်ပေါ့ ဟာနာမီ(Unicode) မိုက်မဲလိုက်ခြင်းဆိုတဲ့ ချီးကျူးစကားတွေမှာ ပျော်မွေ့နေတဲ့ မိန်းမဟာ ကိုယ်ပေါ့ ဟာနာမီ(Zawgyi)