၄၈

130 11 0
                                    

ကျွန်မ အဆင်မပြေပါဘူးဆိုတာ သိသိနဲ့ ကျွန်မကို စွန့်ခွာသွားတဲ့သူတစ်ယောက်ရှိခဲ့ဖူးတယ်
ထိုသူက ထပ်လဲလဲ ကျွန်မ မရှိမဖြစ် ရွေးချယ်ဖူးတဲ့သူတစ်ယောက်ပေါ့
တကယ်တော့ ကျွန်မက ဟိုးအဝေးကြီးကို ငေးမောကြည့်ရတာ သဘောကျဖူးတယ်
တစ်စုံတစ်ယောက်ကိုစောင့်ရင်းဝမ်းနည်းကြေကွဲရတာတွေကိုချစ်တယ်
ပြိုလဲနေတဲ့ကျွန်မရဲ့ စိတ်အစုံကို တင်းမာပေးခဲ့တာ မာနတရားတွေပဲ အဲ့တာကြောင့် ကျွန်မဟာ မာနသိပ်ကြီးတယ်
ချစ်ခြင်းတရားတွေကို နောက်ဆုံးအချိန်အဖြစ် လွှတ်ချလိုက်နိုင်တဲ့အချိန်က သူစိမ်းမိန်းကလေးတစ်ယောက်ကြောင့် သူ ကျွန်မကို အထိတ်အလန့်ဖြစ်စေခဲ့တဲ့အချိန်ပဲ
သူထွက်သွားချင်တဲ့အချိန် အလွယ်တကူ ထွက်သွားတတ်တဲ့သူ  သူဆက်သွယ်ချင်တော့မှ ဆက်သွယ်တဲ့သူ နောက်ဆုံး ကျွန်မကို ခုတုံးလုပ်ပြီးအောင်မြင်ချင်တဲ့သူ အတွက် ကျွန်မကပူဆွေးနေမယ်လို့ ထင်တဲ့သူတွေရှိရင် ဟားတိုက်ရယ်မိတယ်
သူတို့မသိတာက ကျွန်မအတွက် မျက်ရည်တွေဟာ သရဖူတစ်ခုပဲ အလွယ်တကူ မငိုကြွေးဘူး
အလွယ်တကူ သံယောဇဉ်ဖြတ်နိုင်တဲ့အထဲ ကျွန်မက ထိပ်ဆုံးပဲ လက်ကျန်သံယောဇဉ်ကို ဖြတ်ပေးခဲ့တဲ့ သူတစ်ယောက်အတွက် နာမည်ကလွဲ ဘယ်အရာကိုမှ မမှတ်မိလောက်အောင် မုန်းသွားတယ်
ကျွန်မ မေးလိုက်မိတဲ့ စကားတစ်ခွန်းက သူကျွန်မကို အပြစ်တင် ပြောဆိုဖို့အတွက် အခွင့်အရေးပေးလိုက်မိမယ်လို့ မထင်ထားခဲ့မိဘူး။
ကြာလာတော့ ကျွန်မသိလာတယ် ကျွန်မက အရေးမပါတဲ့ သံယောဇဉ်တွေနဲ့ အချိန်တွေ ကုန်နေခဲ့ခြင်းဆိုတာကိုး
ကျွန်မ အဆင်မပြေနိုင်တာ သိသိနဲ့ သူ့တစ်ဖက်သတ်အတွေးတွေနဲ့ ကျွန်မကို လျစ်လျူရှူခဲ့တဲ့အချိန်တွေက နောင်တရစေတယ်ဆိုရင် ကျွန်မ လှောင်ရယ်ချင်တယ်.လူတွေက ကိုယ်အဆင်မပြေတော့မှတခြားသူကိုကိုယ်ချင်းစာမိကြတာတွေချည်းမဟုတ်လား
ကျွန်မက နယ်ရုပ်လေးတစ်ရုပ်မဟုတ်ဘူး အလွယ်တကူ လူတစ်ယောက်ကစားတာလှည့်စားတာခံပြီး ကလေးတစ်ယောက်လို နှလုံးသားတစ်စုံက နာကျင်ပြီး ငိုကြွေးမယ့်အစားထဲ မပါဘူး
ကျွန်မကို နာကျင်အောင်လုပ်ချင်တယ်ဆိုရင် ကျွန်မကတော့ ထိုသူတွေကို သနားမိမယ်
ဝဋ်ဆိုတာ လည်တတ်တာ သိစေချင်မိတယ်။
နောက်ဆုံး ကျွန်မ သိလိုက်ရတဲ့ ဟာသတစ်ခုကတော့ ကိုယ်နာကျင်ရတော့မှ နောင်တရနေမယ်ဆိုရင် ကျွန်မ ပြန်ပေးနိုင်တာ ဟားတိုက်ရယ်မောခြင်းပဲ ကျွန်မဆီက ထွက်သွားတဲ့ မည်သူမဆို ဘယ်တော့မှ ပြန်လာခွင့်မရှိဘူး ဘယ်လောက်ပဲ ကျွန်မကို ချစ်တဲ့သူ ဖြစ်နေပါစေ ကျွန်မအပေါ်ထားတဲ့သူ့ချစ်ခြင်းတရားတွေနဲ့ပဲအဖော်ပြုရှင်သန်သွားခိုင်းလိုက်မယ် ကျွန်မအတွက် လူတွေရဲ့ ချစ်ခြင်းတရားက စက်ဆုပ်စေတယ်
လောကမှာ ချစ်ခြင်းတရားတွေဟာ ပျော့ညံ့တဲ့သူအတွက် ထာဝရ ငရဲပဲလို့ တစ်ထစ်ချ ယုံကြည်ထားတဲ့ မိန်းမဟာ ကိုယ်ပဲ။

ကျွန်မ ချစ်သော စာစုများWhere stories live. Discover now