နောင်တတွေဆိုတာ ငါ့ကို ဆွဲခေါ်ချသွားတဲ့ ငရဲချောက်ကမ်းပါပဲ ဟာနာမီ...။
မင်းတာဝန်ကျခဲ့ဖူးတဲ့ ဆေးရုံကြီးကို မယောင်မလည် ကိုယ်သွားတဲ့အခါ မင်းရဲ့ အသိတွေက ကိုယ့်ကို သနားသယောင်ကြည့်တယ်။ မင်းမှတ်မိသေးလား အဲ့ဆေးရုံကြီးရှေ့က ကုက္ကိုပင်ကြီးမှာလေ ကိုယ်တို့ နှစ်ယောက် စကားတွေဖောင်ဖွဲ့ခဲ့ကျဖူးတယ်နော်
ကိုယ်မှားပြောတဲ့လိုက်တဲ့စကားတစ်ခွန်းကြောင့် အလန့်တကြား မင်းမျက်ရည်ကျတဲ့အခါ ကိုယ်အထိတ်တလန့်ဖြစ်ခဲ့ဖူးတာပဲ
မင်းကိုလက်ထပ်ပါလို့ ပြောတော့လဲ ကိုယ်အသာတကြည်ခေါင်းငြိမ့်ဖူးတာပဲ
ဟာသတွေပါ ဟာနာမီရယ် ဟာသတွေပါ
ပြီးတော့လဲ ကိုယ်တို့ ဝေးကြတာပါပဲ
ကိုယ်လဲ ကိုယ့်အမျိုးသမီးကို စွန့်လွှတ်တဲ့အထိ မင်းလဲ မင်းချစ်ရတဲ့ကိုယ့်ကို စွန့်လွှတ်တဲ့ထိ ကိုယ်လဲ ကိုယ့်ကိုကိုယ် ပြန်စွန့် လွှတ်တဲ့အထိ ကိုယ်တို့တွေ ဝေးကွာ သွားကြတာပါပဲ
ဘယ်တော့မှ ပြန်မလာနိုင်တဲ့ ကိုယ့်ကမ္ဘာမှာ မေးတင်ရင်း စောင့်နေတဲ့ မိန်းမဟာ ကိုယ်ပေါ့
YOU ARE READING
ကျွန်မ ချစ်သော စာစုများ
Short Storyမိုက်မဲလိုက်ခြင်းဆိုတဲ့ ချီးကျူးစကားတွေမှာ ပျော်မွေ့နေတဲ့ မိန်းမဟာ ကိုယ်ပေါ့ ဟာနာမီ(Unicode) မိုက်မဲလိုက်ခြင်းဆိုတဲ့ ချီးကျူးစကားတွေမှာ ပျော်မွေ့နေတဲ့ မိန်းမဟာ ကိုယ်ပေါ့ ဟာနာမီ(Zawgyi)