၇၁

133 13 7
                                    

လူတွေက ကိုယ့်ကို ဦးနှောက် မရှိဘူး လို့ ပြောတတ်ကြတယ် ဒါလင်
ပြောခံရတာနဲ့တန်အောင် ကိုယ်မင်းကို ချစ်ရပါတယ်
မရေမရာတဲ့ အနာဂတ်တွေ ကံကြမ္မာတွေကြား မင်းကိုချစ်ရတာ ကိုယ့်အတွက် အမှောင်ထဲလမ်းပျောက်နေသလိုနဲ့ခပ်ဆင်ဆင်ပါပဲ ။

နောင်ဘဝလို့ ယောင်လို့တောင် ကိုယ်မမျှော်လင့်ရဲဘူး ဒါလင် နောင်ဘဝအထိ အဝေးက တစ်စုံတစ်ယောက်ကို ကိုယ်မျှော်ကြည့်ရင်း မချစ်ချင်တော့ဘူး ပင်ပန်းတယ် လူပေါင်း၇သန်းကျော်ရဲ့ အချစ်ကို ခံရတဲ့ မင်းကိုယ်တိုင် ပင်ပန်းသလို လူပေါင်း၇သန်းကျော်ရဲ့ ပိုင်ရှင်ကို ချစ်ရတဲ့ ကိုယ့်မလဲ တစ်နေ့တစ်ခြား ပင်ပန်းဆင်းရဲပါတယ်

မရေရာရဲ့ အနာဂတ်တွေမှာ မင်းရဲ့တစ်စုံတစ်ယောက်ဆိုတာတွေဟာ ကိုယ့်အတွက် အိမ်မက်ဆိုးတွေပဲဒါလင် ခက်လိုက်တာတကယ် အရမ်းခက်တယ် မင်းသာ ကိုယ့်အလင်းရောင်နဲ့ကိုယ့်စွမ်းအင်ပါ ဒါလင်ရယ်
ကျေးဇူးပြုပြီး အတ္တကြီးစွာနဲ့ ကိုယ့်ကို အလင်းဆက်ပြရင်း ကိုယ့်စိတ်နှလုံးကို စိတ်တိုင်းကျ ခြယ်လှယ်နေပါအုံး မင်း လှည့်စားသမျှ မသိကျိုးကျွန်ပြုရင်း မျက်စိစုံမှိတ် မင်းဆိုတဲ့ နွံထဲ ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ် ပြီး နေပါ့မယ်

ယောင်လို့တောင် ကိုယ့်ကို မလွှတ်လိုက်ပါနဲ့ ဒါလင် ကိုယ် မင်းဆိုတဲ့ အလင်းရောင် ပျောက်သွားရင် ကိုယ့်အနာဂတ်လဲ ပျောက်သွားနိုင်ပါတယ် မင်းသာလျှင် ကိုယ့်ရဲ့ ရင်နင့်ခြင်းတွေကို စေသူပါ
မင်းသာလျှင် ကိုယ့်ရဲ့ အရာရာပါ ဒါလင်ပဲ ကိုယ်ကြာရင် ရူးရပါတော့မယ် လို့ ထင်ရတဲ့အထိ ချစ်ပါတယ်

မင်းမကြားနိုင်ပါဘူး ဒါလင် ဘယ်အရပ်ဒေသမှာ ကိုယ်ရှင်သန်နေတယ်ဆိုတာ မင်းမသိပါဘူး မင်းလျစ်လျူရှူပစ်လိုက်တဲ့အထဲ ဒီက အမျိုးသမီးလဲ အပါအဝင်ပါပဲ ချစ်ရသူရယ်
မင်းဆိုတဲ့ လူဟာ ကိုယ့်ကို အလွယ်တကူ မျက်ရည်ကျစေသူပါပဲ

ဝမ်းနည်းစရာသီချင်းတွေတိုင်းမှာ အပြေးအလွှား မင်းကို သတိရပြီး ငိုတတ်တာ ကိုယ်ပါ ဒါလင်
ဒါတွေ ဒါလင် မသိနိုင်ပါဘူး ဘယ်သောအခါမှ ကိုယ့်ဒါလင်ဟာ ကိုယ့်ကို မသိနိုင်သလို ကိုယ်ဟာလဲ ဒါလင့်ကို ကိုယ်ဟာလဲ ဒါလင့်ကို ...

ကြယ်တွေဟာ ဒါလင်ပါလို့ မျက်စိစုံမှိတ်ရင်း ဥက္ခာခဲတွေကို ကိုယ်ဆုတောင်းနေမယ်လို့ ဒါလင် မထင်လိုက်နဲ့ ကိုယ်အဲ့လောက်မရူးသွပ်ဘူး
ကြယ်တွေဟာ ဒါလင်မဟုတ်ဘူး ကိုယ့်ဒါလင်ဟာ ဘယ်နေရာမှာမှ မရှိဘူး ဟောဒီမှာပဲ ရှိတယ် ဒီနားလေးမှာပဲ ကိုယ်ရဲ့ နှလုံးသားထဲမှာပဲ ဒါလင်ရှိတယ် ကိုယ်ရဲ့ ၂၄နာရီအတွေးတွေထဲမှာပဲ ကိုယ့်ဒါလင် ရှိတယ်

ကိုယ်တို့ ဘယ်တော့မှ နီးစပ်လာနိုင်မှာ မဟုတ်ဘူး ဒါလင် မင်းလဲ တွေးကြည့်ဖူးမှာ မဟုတ်သလို ကိုယ်ဟာလဲ ယောင်လို့တောင် စိတ်ကူးမယဉ်ဘူး ကိုယ့်စိတ်ကူးတွေ ဘယ်တော့မှ အကောင်အထည် မဖော်နိုင်ဘူး အဲ့ကြောင့် ကိုယ့် ဒါလင်နဲ့ ကိုယ် ဆိုသည်မှာ ရင်ခွင်နဲ့ကျောပြင်လိုပဲ
ရင်နာဖို့ကောင်းလိုက်တာ ရင်ဘတ်တစ်စုံလုံး စုတ်ပြတ်သွားတဲ့အခါ လူကြားထဲတောင် မသိတော့ပဲ အလိုလို မျက်ရည် ကျမိပါတယ် ဒါလင်ရယ်

မင်းသာလျှင် ဒီဘဝအတွက် ကိုယ်ရဲ့ စက္ကန့်တွေပါပဲ
မင်းဆိုတဲ့ ကောင်လေးကို မျှော်ကြည့်ရင်းပဲ အထီးကျန်မှုတွေကို အဖော်ပြုရှင်သန်သွားမယ့် မိန်းမဟာ ကိုယ်ပါကွယ်...။

ကျွန်မ ချစ်သော စာစုများWhere stories live. Discover now