၇၃

116 11 0
                                    

ချစ်ရပါသော အယ်ရီယမ်နာ
မင်းကိုယ်မှာ စွဲကပ်နေတဲ့ ငါ့စိတ်ဝိဥာဉ်တွေနဲ့ နေထိုင်ရတာ သက်တောင့်သက်သာမှ ရှိပါရဲ့လား..။

ကြယ်တွေကို  မင်းတောင်းဆုပြုတိုင်း ဥက္ခာခဲတွေလို့ ရယ်မောပြီးစနောက်မိဖူးပေမယ့် အခုငါ့မှာ အဲ့ခဲလုံးကိုတွေပဲ ဘုရားမှတ် ဝတ်ပြုနေရတယ်

မိုးရာသီကို ငါသိပ်မုန်းတယ် အယ်ရီယမ်နာ မိုးစက်တွေကြား ခပ်မှိန်မှိန်လက်ပြနှုတ်ဆက်သွားတဲ့ကျောပြင်ကြောင့် မိုးရွာတိုင်း ငါ့မှာ ယောင်တောင်တောင်  ရင်ခွင်ပေါက်နဲ့

သောက်ကျိုးနည်းပါပဲ အယ်ရီယမ်နာရယ် ငါ့မှာ အခုချယ်ရီပန်းတွေ မြင်တာတောင် မင်းခေါင်းထက် ပန်ပေးဖူးတဲ့ ပန်းတွေကပဲ ပိုလှသယောင်ထင်နေရတော့ ငါ့မှာလဲ လမ်းဘေးက အရူးနဲ့ နင်လား ငါလားပါပဲ

အကယ်၍များ တစ်ကြိမ်တစ်ခါလောက် ငါ့ကို သတိရဖူးတယ်ဆိုရင် ချယ်ရီတွေ ပွင့်တိုင်း ငါရှိရာနေရာကို အလည်လာလှည့်ပါ
မြက်ပင်တွေ ဟိုတစ်စ ဒီတစ်စ ပေါက်နေတာတွေကို မနှုတ်ပစ်ပါနဲ့ သူတို့က မင်းမရှိတဲ့နေရာအတွက် အဖော်တွေပဲ

ငါကြိုက်တဲ့ ပန်းဟာ မင်းပါပဲ အယ်ရီယမ်နာ ဒါကြောင့် အလကားသက်သက် ဆိုးရွားလွန်းတဲ့ ပန်းရနံ့တွေနဲ့ ငြိမ်းချမ်းနေတဲ့ ငါ့ကမ္ဘာကို မနှောင့်ယှက်ပါနဲ့

မင်းရဲ့ ငိုကြွေးသံတွေနဲ့လဲ အေးချမ်းနေတဲ့ငါ့ဝိဥာဉ်ကို မပူလောင်ပါစေနဲ့တော့ အယ်ရီယမ်နာ မင်းမျက်ရည်တွေကို လေပြေတွေနဲ့ သယ်ဆောင်ပြီး နမ်းရှိုက်ရုံကလွဲ ငါ့မှာ မစွမ်းတော့..ငါ့မှာ မစွမ်းတော့..

ကျွန်မ ချစ်သော စာစုများWhere stories live. Discover now