ကိုယ်ဟာဘယ်တော့မှငရဲကလွတ်တော့မှာမဟုတ်ပါဘူးဟာနာမီရယ်
နောင်ဘဝဆိုတာလဲမရှိလာနိုင်တော့ပါဘူး
ကော်ဖီခွက်ဆင်တူတွေဆိုတာလဲ မရှိလာနိုင်တော့ပါဘူး
စုံတွဲနာရီတွေဆိုတာလဲ မရှိတော့ပါဘူး
Allstar ဖိနပ်ဆင်တူတွေကိုယ်လိုချင်တဲ့အခါ တခါမှ မစီးတဲ့ မင်းကြောင့် ကိုယ်ဟာ ကတ္တီပါဖိနပ်တွေကိုသာရွေးချယ်ရခြင်းတွေဟာထပ်မရှိနိုင်တော့ပါဘူး
ချယ်ရီလမ်းထက်က အိမ်ပြန်လမ်းတွေလဲ မဖြစ်လာနိုင်တော့ပါဘူး
ချစ်စကားတွေဆိုတာလဲ မဖြစ်ထွန်းလာနိုင်တော့ပါဘူး
မဖြစ်လာတော့ပါဘူး မဖြစ်လာနိုင်တော့ပါဘူးကွယ်
နာကျင်မှုကိုမတောင့်မတရနေပြီးနောင်တဆိုတာအချိန်ပြည့်ရနေတဲ့ဘုံမှာမေးတင်နေတဲ့မိန်းမဟာ ကိုယ်ပေါ့ ချစ်သော ဟာနာမီ

YOU ARE READING
ကျွန်မ ချစ်သော စာစုများ
Historia Cortaမိုက်မဲလိုက်ခြင်းဆိုတဲ့ ချီးကျူးစကားတွေမှာ ပျော်မွေ့နေတဲ့ မိန်းမဟာ ကိုယ်ပေါ့ ဟာနာမီ(Unicode) မိုက်မဲလိုက်ခြင်းဆိုတဲ့ ချီးကျူးစကားတွေမှာ ပျော်မွေ့နေတဲ့ မိန်းမဟာ ကိုယ်ပေါ့ ဟာနာမီ(Zawgyi)