COMPLETED

161 14 0
                                    

လူတစ်ယောက်ဟာ မွေးနေ့နဲ့ သေနေ့ တစ်နေ့ထဲ ထပ်တူ မကျနိုင်ဘူး ဟာနာမီ
ဟိုးကောင်းကင်ကို ကြည့်လိုက်စမ်း ကြယ်လေးတွေ  မြင်ရလား...

အတောက်ပဆုံး ကြယ်မှာ ကိုယ့်မျက်ရည်အပေါင်းခနေတယ်
ကိုယ့်စိတ်ကို ယတိပြတ်ချလိုက်နိုင်ဖို့ ကိုယ်ဟာ အဝေးကို ပြေးထွက်ချင်ခဲ့သူပါ ဟာနာမီ
ကိုယ် နာကျင်ခဲ့ရတယ် ဝမ်းနည်းခဲ့ရတယ် ကြေကွဲခဲ့ရတယ်
ဒါတွေဟာ ကိုယ့်စိတ်ကို အတင်းနှိပ်စက်နေခဲ့တဲ့ အချိန်တွေပဲ

အဝေးကို ထွက်သွားရတာ ထင်သလောက် မလွယ်ဘူး ကိုယ့်နှလုံးသားကနေ တောင်းဆိုသမျှ အရာအကုန် လျစ်လျူရှူပစ်ရတာ မလွယ်ဘူး
ကိုယ်ဟာ ဘာကြောင့် ဒီလမ်းကို ရွေးချယ်ခဲ့မိတာပါလိမ့်....

ကိုယ်ဟာ ရှောင်ပြေးရခြင်းတွေကို မုန်းသူပါ ဟာနာမီရယ်
မင်းရဲ့ အထီးကျန်ဆန်မှုတွေ အတွက် ကိုယ်စား အထီးကျန် ဆန်ပရစေ
မင်းလိုမျိုး မသေဆုံးခင်အချိန်ထိ အထီးကျန်သလို အဲ့ဝဋ်ကို ကိုယ်ခံပါမယ်

နောက်ထပ် ဘာချစ်ခြင်းတရားမှ မဖြစ်ထွန်းလာနိုင်တော့အောင် ကိုယ်သတိထားပါ့မယ်

ချစ်သော ဟာနာမီ အထီးကျန်ဆန်ခြင်းတွေဟာ သိပ်လှပါတယ်

ထိုအထီးကျန်ဆန်မှုတွေဟာ ရစ်မူးနေတဲ့ မိန်းမဟာ သိပ်အကျည်းတန်ပါတယ်

ထိုသိပ်အကျည်းတန်တဲ့ မိန်းမဟာ ကိုယ်ပါပဲ..

ခုတော့လဲ ဟာနာမီ  မင်းနဲ့ကိုယ်ရော ကိုယ်နဲ့ ကိုယ့်အမျိုးသမီးရော ကိုယ်နဲ့ ကိုယ်တို့ရော..ထာဝရ ဝေးကြပြီပေါ့

ခုကိုယ်ကြေကွဲလို့ ရပြီပေါ့...အသည်းကွဲနေတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း..နားထောင်ဖို့ ပြင်လှည့်ချေတော့ ကိုယ့်အမိုက်အမဲလေး

ကျွန်မ ချစ်သော စာစုများWhere stories live. Discover now