အဖြူရောင် မိုးပျံ ပူဖောင်းတွေမှာ သူ့ နာမည်တွေကို ၂၃ လုံးအတိ ချရေးရင်း တိမ်တွေကြား အလည်လွှတ်လိုက်တယ်
ထို အမျိုးသမီး အလွယ်တကူ လွတ်မြောက်သလို ကိုယ်လဲ အလွယ်တကူ လွတ်မြောက်ချင်တာပေါ့
မနက်စာ ဗန်းလေးကို ကိုင်ရင်း ကိုယ့်မနက်ခင်းကို အစပြုစေမယ့် သူကို လွမ်းတာပေါ့
ကိုယ်လွမ်းသလို ဘယ်သောအခါမှ လွမ်းမှာ မဟုတ်တဲ့သူကို အတတ်နိုင်ဆုံး မေတ္တာတွေလွမ်းခြုံစေရင်း နာကျည်းဖို့ပဲ တတ်နိုင်တယ်
ရင်နင့်အောင် လွမ်းရင် အေးစက်စက် နံရံတွေနား ကပ်ရင်း ရှည်လျားလှတဲ့နာမည်ကို ရေရွတ်လိုက်တယ် နံရံတွေမှာ နားတွေရှိတယ် Ancour
သူကြားနိုင်မှာပေါ့ စိတ်လိုလက်ရရှိရင်
အမြဲတစေ နာကျည်းနေလဲ နေ့စဉ်ပို့သတဲ့ မေတ္တာတွေကြောင့် သူပျော်ရွှင်တဲ့အခါ ကိုယ့်စိတ်နှလုံးလဲ အေးချမ်းပါတယ်
ဘယ်သောအခါမှ ရင်ထဲမဝေးဖူးတာ သိရင် ကိုယ်မျှော်လင့်သလို သူလဲမျှော်လင့်စေချင်တယ်
ကိုယ်စောင့်နေ ဖူးသလို သူ့ကိုလဲ စောင့်နေစေချင်တယ်
ကိုယ်ချစ်ခဲ့ဖူးသလို သူ့ကိုလဲ ချစ်စေချင်တယ်
ကိုယ်ပေးနိုင်တာဆိုလို့ မေတ္တာသက်သက်နဲ့ချစ်ခြင်းတရားပဲ ဒါနဲ့ မလုံလောက်လို့ စွန့်ခွာသွားသူအတွက် ကိုယ်ထပ်ပေးနိုင်တာ ဆိုလို့ကြေကွဲခြင်းနဲ့နာကျည်းခြင်းပဲ
YOU ARE READING
ကျွန်မ ချစ်သော စာစုများ
Short Storyမိုက်မဲလိုက်ခြင်းဆိုတဲ့ ချီးကျူးစကားတွေမှာ ပျော်မွေ့နေတဲ့ မိန်းမဟာ ကိုယ်ပေါ့ ဟာနာမီ(Unicode) မိုက်မဲလိုက်ခြင်းဆိုတဲ့ ချီးကျူးစကားတွေမှာ ပျော်မွေ့နေတဲ့ မိန်းမဟာ ကိုယ်ပေါ့ ဟာနာမီ(Zawgyi)