If

188 10 0
                                    

ကျွန်မတို့တွေ တစ်စုံတစ်ယောက်ကို ဘယ်အတိုင်းအတာထိ ချစ်မြတ်နိုးနိုင်ပါသလဲ

ကျွန်မတို့တွေ တစ်စုံတစ်ယောက်ကို ဘယ်အတိုင်းအတာထိ မုန်းတီးပစ်နိုင်ပါသလဲ

ကျွန်မတို့တွေ တစ်စုံတစ်ယောက်ကို ဘယ်အတိုင်းအတာအထိ မေ့ပျောက်ပစ်ထားနိုင်ပါသလဲ

တစ်စုံတစ်ယောက်ကို တကယ်ပဲ ဘဝသက်ဆုံးတိုင် ချစ်နိုင်ကြရဲ့လား

တစ်စုံတစ်ယောက်ကို တကယ်ပဲ နာနာကျည်းကျည်းမုန်းတီးနိုင်ကြရဲ့လား

တစ်စုံတစ်ယောက်ကို တကယ်ပဲ သေသည်အထိ မေ့ပစ်နိုင်ရဲ့လား

ဒီမေးခွန်းတွေအတွက် အဖြေဟာ ရေရေရာရာမရှိဘူးထင်ရပေမယ့်လဲ

ကျွန်မတို့တွေ လူတစ်ယောက်ကို အတိုင်းအတာတစ်ခုအထိတော့ ချစ်နိုင်ပါတယ် အမြဲတမ်းတော့ မဟုတ်ဘူးပေါ့

လိမ်ညာမှုတွေနာကျင်မှုတွေမျက်ရည်တွေမုန်းတီးမှုတွေမရှိရင် အချစ်စစ်ဆိုတာ မဖြစ်လာနိုင်ပါဘူးတဲ့
မေတ္တာတရားတွေ သစ္စာတရားတွေဟာ သိပ်နက်နဲပြီး သိပ်ရှုပ်ထွေးတယ်လို့ ဘုရားဟောတရားစာအုပ်တွေမှာ ပြဠာန်းထားတယ်

ချစ်ခြင်းတရားတစ်ခုက ထိုလိမ်ညာမှုတွေ နာကျင်မှုတွေ မျက်ရည်တွေ အပြန်အလှန် ကလဲ့စားချေမှုတွေ အနိုင်လိုချင်စိတ်တွေ ပြည့်နှက်နေခဲ့ရင် ထိုဆက်ဆံရေးကနေ ချစ်သူနှစ်ဦး ခွဲထွက်သွားတဲ့အခါ ဒါဟာ အချစ်ပါလို့ ကျွန်မတို့ သတ်မှတ်လို့ရနိုင်ပါရဲ့လား...

ထိုချစ်ခြင်းတရားကနေ ဝေးကွာပြီးနောက် တစ်စုံတစ်ယောက်ကို အလွယ်တကူ ချစ်သွားမယ်ဆိုရင် ချစ်ခြင်းတရားတွေဟာ ဟာသသက်သက်ပါပဲ ဒီအတွက် ကျွန်မတို့တွေ တစ်စုံတစ်ယောက်ကို ထာဝရ မချစ်မြတ်နိုးနိုင်ပါဘူး
တစ်ခါတစ်ရံလောက်သာ ကျွန်မတို့တွေ ချစ်မြတ်နိုးနိုင်ကြမှာပါ။

ဆက်ဆံရေးတစ်ခုကနေ အမုန်းတရားတွေ ပေါက်ဖွားလာမယ်ဆိုရင် မေတ္တာတရားတွေ သံယောဇဉ်တွေက ဖြေလျော့စေတတ်ပါတယ် တဲ့
လူတစ်ယောက်ကို မုန်းတီးစိတ်တွေ ဒေါသစိတ်တွေထားရင်း တကယ်ပဲ အချိန်ပြည့် ပူလောင်နေနိုင်ပါ့မလားလေ အမုန်းတရားဆိုတာ ပူလောင်ပါတယ် ဒေါသဆိုတာ လူတစ်ယောက်ရဲ့ မေတ္တာတရားတွေသည်းခံနိုင်စွမ်းတွေကို လောင်ကျွမ်းစေပါတယ်တဲ့

ထိုအမုန်းတရားတွေကို လက်ကိုင်ထားရင်း ကျွန်မတို့တွေ ထာဝရ မရှင်သန်နိုင်ပါဘူး တစ်ချိန်မှာပေါ့ သေချာပေါက် စိတ်နှလုံးအေးအေးချမ်းချမ်းနဲ့ ထိုအမုန်းတရားတွေကို ဖြေလျော့နိုင်ပါလိမ့်မယ် ဒီအတွက် ကျွန်မတို့တွေ တစ်စုံတစ်ယောက်ကို ထာဝရ မနာကျည်းမမုန်းတီးနိုင်ပါဘူး

တစ်စုံတစ်ယောက်ကို သိကျွမ်းရင်းနှီးဖို့ အချိန်ပမာဏ အနည်းငယ်သာကြာပါလိမ့်မယ်သို့သော်တစ်စုံတစ်ယောက်ကိုမေ့လျော့ဖို့အချိန်အကြာကြီးလိုအပ်ပါတယ်တဲ့ ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ တွေ့ဆုံကြုံကွဲဆိုတာ ဖြစ်ပျက်လေ့ရှိတဲ့ သဘောတရားပါပဲ ။ ရေစက်ဆုံတဲ့ အခိုက်အတန့်မှာ သိကျွမ်းရင်းနှီးပြီး အမျိုးမျိုး သောအကြောင်းကြောင်းတွေကြောင့် ကောင်းသောခွဲခွာခြင်း မကောင်းသော ခွဲခွာခြင်းတွေနဲ့ ကြုံတွေ့ရပါတယ်

ထိုခွဲခွာမှုတွေကြောင့် နာကျင်ကြရမယ် ပျော်ရွှင်ကြရမယ် မုန်းတီးကြရမယ် ဝမ်းနည်းကြရမယ် အမျိုးမျိုးသော အကြောင်းတွေရှိပေမယ့်  လူတိုင်းဟာ ဆက်လက်ရှင်သန်နေနိုင်ရင်း နောက်ထပ်နောက်ထပ်သော လူတွေနဲ့ တွေ့ဆုံပေါင်းသင်းရင်းခွဲခွာကြရမယ်
အကြောင်းအရင်းတစ်ချို့တိုက်ဆိုင်တဲ့အခါ သတိတရဖြစ်တတ်ကြတာပါပဲ
အမြဲတမ်းသတိကြရတာတော့မဖြစ်နိုင်ပေမယ့် သတိကတော့ ရတတ်ကြတယ် ကောင်းသောရခြင်း မကောင်းသောရခြင်းဟာ ကွဲခြားသွားပါလိမ့်မယ်
ဒီအတွက် ကျွန်မတို့တွေ တစ်စုံတစ်ယောက်ကို ထာဝရမမေ့ပျောက်ပစ်နိုင်ကြပါဘူး။

ကျွန်မ ချစ်သော စာစုများWhere stories live. Discover now