ချစ်ခြင်းတရားဆိုတာ ဘယ်လိုမျိုးလဲ ဒါလင်
ကိုယ်တို့နှစ်ယောက်လုံးဟာ
တစ်ယောက်ကိုတစ်ယောက် ချစ်နေပါရက်နဲ့
ဆန့်ကျင့်ဘက်ကို ဦးတည်ပြေးနေတာမျိုးလား
ဒါမှမဟုတ် ဝိဥာဉ်ဖက်တွေဆိုတာ သိရက်နဲ့
မသိဟန်ဆောင် သူစိမ်းတစ်ယောက်စီကို
ကြိုးစားချစ်ယူနေကြတာမျိုးလား...။
နံရံတွေနား ခဏလောက် နားတွေစွင့်ထားကြည့်ရအောင်လား ဒါလင်
ဘယ်သောအခါမှ ဖွင့်ဟပြမှာ မဟုတ်တဲ့ ကိုယ်တို့ချစ်ခြင်းတရားတွေကို သူတို့သိမ်းဆည်းထားကြတယ်
ဒီနားကို တိုးလာခဲ့လှည့်ပါ ဒါလင်
ကိုယ့်ဆီကို မင်းဘက်ကနေ ခြေတစ်လှမ်းပဲ တိုးလာခဲ့စမ်းပါ ကွယ်
မင်းရှိနေရာက စင်္ကြာဝဠာ တစ်ဖက်ဖြစ်နေပါစမ်းပါစေ
ကျန်တဲ့ခြေလှမ်းမှန်သမျှ အကုန် ကိုယ်လှမ်းလာခဲ့ပါမယ်
ဒါကြောင့် အဲ့တာကြောင့်မလို့ မင်းဘက်ကနေ ရှေ့တစ်လှမ်းလောက် တိုးလာပေးစမ်းပါကွယ်
YOU ARE READING
ကျွန်မ ချစ်သော စာစုများ
Short Storyမိုက်မဲလိုက်ခြင်းဆိုတဲ့ ချီးကျူးစကားတွေမှာ ပျော်မွေ့နေတဲ့ မိန်းမဟာ ကိုယ်ပေါ့ ဟာနာမီ(Unicode) မိုက်မဲလိုက်ခြင်းဆိုတဲ့ ချီးကျူးစကားတွေမှာ ပျော်မွေ့နေတဲ့ မိန်းမဟာ ကိုယ်ပေါ့ ဟာနာမီ(Zawgyi)