ကလေးလေးရေ...
ကိုယ့်ဘဝမှာ အခုချိန်ထိ လူပေါင်းများစွာကိုချစ်ခဲ့ဖူးပါရဲ့...
၅၂၈နဲ့ရော...၁၅၀၀နဲ့ပါ ပေါ့...
ချစ်ခဲ့ဖူးသမျှမှာ...
ခလေးလေးကိုချစ်မိသွားခဲ့တာကိုတော့ ဘယ်တော့မှနောင်တရမှာမဟုတ်ပါဘူး ကလေးငယ်ရေ...
ချစ်ခဲ့ဖူးသမျှမှာ အဖြူစင်ဆုံး...အအေးချမ်းဆုံး...ပျော်ရွှင်ရဆုံးအချစ်ပါပဲ...
ခလေးကိုချစ်တဲ့အချစ်မှာ တဏှာမပါ...လိုချင်မှုမပါ...တပ်မက်မှုမရှိ...ပူလောင်ခြင်းလဲ ကင်းလွန်းပါတယ် ကလေးငယ်ရယ်...
အရမ်းကိုမှမြတ်နိုးရတဲ့အရုပ်ကလေးတစ်ရုပ် ပစ္စည်းလေးတစ်ခုကို ပျောက်ပျက်သွားမှာ ပျက်ဆီးသွားမှာ စိုးရိမ်မိသလိုအချစ်မျိုး...
တစ်ပါးသူကြောင့်နာကျင်ရမှာ ပင်ပန်းရမှာ ထိခိုက်မိမှာမလိုလားတဲ့ အချစ်မျိုး...
အဖြူစင်ဆုံး အမြတ်နိုးဆုံး ယုယုယယနဲ့ မြတ်နိုးတန်ဖိုးထားရတဲ့ အချစ်မျိုးပေါ့ ကလေးငယ်...
ကလေးငယ်ပြုံးနေတာကိုပဲ အမြဲတမ်းမြင်ချင်နေမိတဲ့...
ကလေးနဲ့ပတ်သက်လာရင် အရမ်းကိုအတ္တကြီးသလိုဖြစ်မိတဲ့ ကိုယ့်ကိုယ်ကိုတောင် တစ်ခါတစ်လေ အရမ်းကိုအံ့သြမိတယ်ကွာ...ကိုယ်ဆိုတဲ့ အေးတိအေးစက်လူသားကြီးမှာ ချစ်တတ်တဲ့အသည်းနှလုံးလဲရှိပါသေးလားလို့လေ.....
ကလေးနဲ့မှ ကိုယ့်ရဲ့အရယ်အပြုံးဆိုတာ ပီပြင်လာတာပေါ့ ကလေးငယ်ငယ်...
အခုလဲမင်းဓာတ်ပုံလေးကြည့်ပြီး တစ်ကိုယ်ထဲရေရွတ်နေမိတယ် ကလေးငယ်...
"မင်းမျက်နှာလေးမှာ အမြဲတမ်း အပြုံးပန်းတွေဝေပြီး စိတ်ဆင်းရဲမှုတွေက ကင်းဝေးပါစေ" လို့ပေါ့...
ချစ်တယ် ကလေးငယ်ငယ်...
29.1.2018