ငယ်...
ငယ် သိလား...
ကိုယ် အရမ်းပြောင်းလဲလာတယ်...
ငယ့်ကို ချစ်မိသွားတဲ့အချိန်ကစပြီး နောက်ပိုင်း...
ငယ်တို့အားလုံးကို ချစ်မိခဲ့တဲ့အချိန်ရဲ့ နောက်ပိုင်းတွေက စလို့ပေါ့...
အစပိုင်း သိပ်မသိသာပေမဲ့...
နောက်ပိုင်းတွေ သိသိသာသာဖြစ်လာတဲ့အခါ ကိုယ် သတိထားမိလာခဲ့တယ်...
ကိုယ့်ကိုယ်ကိုရော...ကိုယ့်ဘေးကလူတွေကရော...
ကိုယ့်ပြောင်းလဲမှုတွေကို သတိထားမိလာကြတယ်ပေါ့...
ဘာတွေပြောင်းလဲသွားလဲဆိုတော့...
*ငယ့်ကို တမင်တကာပဲဖြစ်စေ...စနောက်တာပဲဖြစ်စေ...
မကောင်းတာတစ်ခုခုပြောလာတဲ့အခါ...အဲ့ပြောလာတဲ့သူက ကိုယ်အခင်ရဆုံး သံယောဇဉ်အရှိဆုံးသူဖြစ်နေရင်တောင် ကိုယ့်ဖက်က ငယ်နဲ့ပတ်သက်ပြီး သည်းမခံနိုင်တာမျိုး...ငြိမ်မခံတာမျိုး...
*အရင်ကလိုမျိုး...ကိုယ့်ကို မချစ်ကြမှာ ထားခဲ့ကြမှာကို တွေးပြီးကြောက်မနေတတ်တော့ဘူး...
နင်တို့မချစ်လဲ ငါ့ကလေးတွေက ချစ်တယ်ဆိုတဲ့ စိတ်ကစိုးမိုးလာတဲ့အခါ...သူတို့ဘာပြောပြော သိပ်မလေးမထားတော့ဘူး...
အားလုံးကို Neglect လုပ်တတ်လာတယ်...
*တစ်ယောက်ထဲ နေရမှာလဲ မကြောက်တော့ဘူး...
ကိုယ့်ဘေးမှာဘယ်သူမှရှိမနေပေမဲ့...
ကိုယ့်စိတ်ထဲမှာတော့ ငယ်တို့ကအမြဲရှိနေတဲ့အတွက်...
ကိုယ်မကြောက်တော့ဘူး ငယ်...
အရာရာကို အဆင်ပြေအောင် နေတတ်လာတယ်...
*ငယ်တို့အကြောင်းတွေးနေတဲ့အခါ တခြားဘယ်သူက ဘာလာပြောပြော သူတို့ကိုမမြင်နိုင်တော့တဲ့အထိ ဖြစ်သွားတာမျိုး...
*ငယ်တို့နဲ့ပတ်သက်တဲ့ တစ်ခုခုကို တွေးမိလိုက်တာနဲ့ အရမ်းစိတ်ဆိုးနေတဲ့အချိန်ဖြစ်နေခဲ့ရင်တောင် ကိုယ့်ကိုကိုယ်တောင်မသိလိုက်ပဲ အလိုလိုပြုံးသွားတာမျိုး...
*အရင်က ကိုယ့်ကို ကျောင်းပြီးရင် ဘာလုပ်မှာလဲလို့ မေးလာကြရင် ကိုယ် ဘာပြန်ဖြေရမလဲမသိဘူး...
အခုတော့ အရင်နဲ့မတူတော့ဘူး...
ငယ်တို့နဲ့ပတ်သက်ပြီး ကိုယ့်မှာ အိပ်မက်တွေရှိလာတယ်...
အခုဆိုရင်...ကိုယ့်ကို ကျောင်းပြီးရင် ဘာလုပ်မှာလဲလို့ မေးလာကြတဲ့အခါ...
ကျောင်းပြီးရင် Overseaထွက်မှာ လို့ ဖြေတတ်လာတယ်...
အိမ်နဲ့တောင် အတိုက်အခံလုပ်ပြီး Overseaထွက်ချင်လာတယ်...
*အခုလောလောဆယ်အနေနဲ့ဆိုရင်...
အိမ်ကလူတွေပါ အံ့ဩသွားလောက်တဲ့ထိ ကိုယ် ပြောင်းလဲလာတယ်...
အရင်က သူများဆီမှာအလုပ်လုပ်ရမှာ သေမလိုကြောက်တဲ့ ကိုယ်က...
ဟိုတစ်နေ့ကပဲ...
ကျောင်းပိတ်တာနဲ့အလုပ်လုပ်ပြီး ပိုက်ဆံစုမှာမလို့ အလုပ်ရှာပေးပါ မေမေ လို့ ပြောတတ်လာတယ်...
Omm..ငယ်... မေမေ သိပ်အံ့ဩသွားတာပေါ့...
ကိုယ့် စကားကိုလဲ မယုံဘူးလေ...
စနေတယ်ပဲ ထင်နေကြတယ်...
ကိုယ်က သူများဆီမှာအလုပ်လုပ်ရမှာကို သေမလိုကြောက်ခဲ့တဲ့ ကောင်ကိုးးး...
သူတို့ မယုံတာလဲ မဆန်းပါဘူး...
Omm.....
ဒါနဲ့..စကားမစပ်
ချစ်တယ် ငယ်😘
13.3.2018
YOU ARE READING
ချစ်မြတ်နိုးရပါသော...(Hunnie)
Literatura faktuTo beloved BABY ANGLEs #Just Feeling...