ဟိုတစ်နေ့က ဘေဘီ့ရဲ့နှာခေါင်းက နီနေတဲ့ဒဏ်ရာလေးအကြောင်း ကိုယ်သိလိုက်ရတယ်...
"အဲ့ဒါကြောင့် မသိစေချင်တာ" တဲ့လား ဘေဘီ?
ဟိုတစ်ခါ ဆေးခန်းသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လဲ..
"Medical checkup လုပ်ခွင့်မရသေးဘူး" တဲ့လားကွာ...
ခများလေးက ခများလေးကို စိတ်ပူနေကြမှာစိုးလို့ မသိစေချင်ပေမဲ့...
ကိုယ်တို့ကလဲ ခများလေးမျက်နှာကို အရိပ်လိုလိုက်ကြည့်နေမိတဲ့သူတွေပါ...
ကျေးဇူးပြုပြီး ဂရုစိုက်ပါ ဘေဘီရယ်...
တစ်ခုခုဆို အဝေးကနေပဲ စိတ်ပူပေးနိုင်တဲ့လူမလို့ ပုံမှန်ထက် အဆပေါင်းများစွာပိုပြီး နာကျင်ရတယ် ကလေးလေးရဲ့...
ခများလေး မျက်နှာညှိုးနေရင် ကိုယ့်မှာ ကမ္ဘာပျက်နေသလိုပါပဲ...
ဘာများဖြစ်လို့လဲ..
စိတ်ညစ်စရာတွေများရှိနေလို့လား..
နေများမကောင်းဘူးလား..
Stressတွေပိနေတာလား...အတွေးပေါင်းစုံနဲ့ ရူးမလိုပဲ...
တစ်ခါတစ်လေတော့လဲ ကိုယ့်ကိုယ်ကို အားငယ်လိုက်တာ...
တစ်နေ့တော့ ဘေဘီတို့ကိုသိပ်ချစ်ကြောင်း ဘေဘီတို့သိအောင် လာပြောပါဦးမယ်လေ...
အဲ့လိုလာပြောနိုင်ဖို့လဲ ကိုယ်ကြိုးစားမယ်..
ချစ်တယ် ဘေဘီ♡
25.12.2018*Tue*
YOU ARE READING
ချစ်မြတ်နိုးရပါသော...(Hunnie)
Literatura FaktuTo beloved BABY ANGLEs #Just Feeling...