ကိုယ့်ဘေဘီက Europeမှာ ပျော်ခဲ့ပုံပဲ...
ပြုံးရယ်ပြီး ပါးလေးတွေဖောင်းနေအောင်စားနေတာလေးက ကိုယ် တကယ်စိတ်ချမ်းသာရတယ်...
ခများလေးဟာလေ...
လူကို အချစ်တိုးပြီးရင်းတိုးအောင် ပြုစားနေတော့တာပဲ...
ငယ်ငယ်ကတည်းက ဂျစ်တူးရုပ်လေးနဲ့ဘေဘီက ကြီးလာတော့လဲ ၂၉နှစ်ပြည့်တော့မယ်လို့ ဘယ်သူကမှမထင်အောင် နုဖတ်ပြီး ကြည့်ကောင်းနေတော့တာ...
လှပါတယ်ဆိုတဲ့မိန်းကလေးတွေလိုက်မမှီအောင် ယောက်ျားလေးတန်မဲ့နဲ့ သိပ်လှတာပဲ...
နဖူးပြေပြေလေး...
အဖျားလေးမှာလုံးသွားတဲ့ နှာတံစင်းစင်းလေး...
မျက်ခုံးထင်းထင်း...
မျက်တောင် ရှည်ရှည်လေးတွေနဲ့သိပ်လိုက်ဖက်တဲ့ မျက်လုံးဝိုင်းဝိုင်း ကြည်ကြည်တောက်တောက်လေးတွေ...
ပါးမို့မို့လေးတွေရယ်... နှုတ်ခမ်းသေးသေးဖူးဖူးလေးရယ်...
သူများတွေအတွက် မျက်နှာမှာအမာရွတ်ရှိနေတာက ပြစ်ချက်ဖြစ်နေတတ်ပေမဲ့...
ဘေဘီ့အတွက်ကတော့ အဲ့ဒီအမာရွတ်လေးကတောင် သိပ်ကြည့်ကောင်းနေတာ...
လူကောင်သေးသေးပိစိလေး...
တကယ်..တကယ်...
ပြောမယ်ဆိုရင် ပြောလို့မကုန်ပါဘူး...
မြတ်နိုးရလွန်းလို့ မြတ်နိုးရမှာတောင် နှမြောမိတဲ့ထိ...
တကယ်ကို ပဲ့ကြွေသွားမှာစိုးတဲ့ပစ္စည်းလေးတစ်ခုလို အရိပ်တကြည့်ကြည့် စောင့်ရှောက်ချင်မိတော့တာ...
ဘယ်သူက ယုံမှာလဲ...
ခများက အသက်၂၉နှစ်ပြည့်တော့မယ်လို့...
ကျနော့်ထက် ၈နှစ်နဲ့၎လကြီးတဲ့ ခများကို ကျနော် မြတ်နိုးရလွန်းလို့ ရူးတော့မှာပဲဗျာ...
ချစ်တယ် ကိုယ့်ရဲ့ပုစိလေး <3
7.2.2019*Thu*