April Boy (2) !

50 14 2
                                    

ဒီနေ့က အကို့မွေးနေ့...

ကျနော့်ရဲ့ သောကြာသားလေးက မွေးရက်နဲ့မွေးနေ့ မတိုက်ဘူးပဲ...

တစ်နေ့တစ်ခြား ပိုပြီးနုလာတဲ့အကိုက ၂၉နှစ်ပြည့်သွားပြီဆိုတာ ဘယ်သူက ယုံမှာတဲ့လဲ...

ကျနော့်ထက် ၈နှစ်နဲ့၎လကြီးတဲ့ အကိုကြီး...

သိပ်မြတ်နိုးရတာ သိတယ်မလား...

ပြည့်စုံနေပြီးသား အကို့အတွက် ကျန်းမာနေဖို့ပဲ ဆုတောင်းပေးချင်တယ်...

အသက်လဲကြီးလာပြီ...

ကျန်းမာရေးကို ဂရုစိုက်...

လူက တစ်နေ့တစ်ခြား ပိုသေးလာတယ်...

အဓိက က ကျန်းမာပြီး ပျော်ရွှင်နေဖို့ပဲ...

စိတ်ချမ်းသာပြီး ပျော်ရွှင်နေပေး...

အကို့ရဲ့မိန်းကလေးနဲ့ ဆိုရင်တောင်မှပေါ့...

သိပ်ချစ်တာပဲလား အဲ့မိန်းကလေးကို ???

အင်း..အင်း..ထားပါတော့...

နှစ်တစ်နှစ်ရဲ့ ၃၆၅ရက်မှာ ၄ရက်လောက်ပဲ အရေးပါတဲ့ သူမကို မနာလိုလဲ ဖြစ်မနေတော့ပါဘူး...

ဘယ်လိုလဲ အကို...

ဒီနှစ်ရော...

အကို့မွေးနေ့မှာ သူမက သတိတရ ရှိရဲ့လား...

အာ... မနေ့ကပဲ...

သူမက အခုချိန်ထိ အကို့ရဲ့မိန်းကလေးဖြစ်နေတုန်းပဲဆိုတာကို မေ့မှာစိုးပြီး သတိတရ updateလုပ်ပေးထားတာပဲ...

သူမအစား ကျနော် ပင်ပန်းလိုက်တာ..

အကိုရော...

မပင်ပန်းဘူးလား...

ကျနော်ကတော့ အကို့အစား တော်တော်ကို ငြီးငွေ့လှပြီ...

အကိုတို့ကလဲ ပြတ်ခဲလိုက်တာ...

ကျနော့်မှာ တစ်ခါတစ်ခါ အကိုက Rsကြီးနဲ့ဆိုတာကို မေ့မေ့သွားလို့ ပြန်သတိပေးနေရတယ်...

တကယ်ပါပဲ...

စိတ်ဓာတ်မကောင်း အကျင့်မကောင်းတဲ့ သူမရဲ့ သတင်းတွေကို ကြားရတိုင်း...

သူမရဲ့ပုံရိပ်ကြောင့် အကို့ကိုပါ ထိခိုက်လာမှာပဲ ကျနော် စိုးရိမ်တယ်...

ချစ်တယ် အကို...

ကျနော့်ရဲ့အဝေးမှာ ပျော်နေပေး...

20.4.2019*Sat*

ချစ်မြတ်နိုးရပါသော...(Hunnie)Where stories live. Discover now