ကိုယ် ပင်ပန်းတယ် ကလေးငယ်...
အတုအယောင်တွေနဲ့ပြည့်နေတဲ့ ပတ်ဝန်းကျင်မှာ နေသားကျနေပြီဆိုပေမဲ့...
တစ်ခါတစ်လေတော့လဲ အားလုံးနဲ့ဝေးရာကို ထွက်ပြေးချင်မိလောက်တဲ့အထိ ပင်ပန်းလွန်းတယ် ငယ်ရယ်...
ကိုယ့်ကို လိမ်ညာနေမှန်းသိရဲ့နဲ့ ယုံပေးနေရတာမျိုး...
ကိုယ့်ကိုတကယ်မချစ်မှန်းသိရဲ့နဲ့ ငါ့ကိုတကယ်ချစ်ပါတယ်လို့ ကိုယ့်ကိုယ်ကိုပြန်လိမ်နေရတာမျိုး...
ကိုယ့်ကိုတကယ်မခင်မှန်းသိနေရဲ့နဲ့ ခင်ပါတယ်ဆိုတာကို ယုံနေပေးရတာမျိုးပေါ့...
ကိုယ်တကယ်ပင်ပန်းတယ် ငယ်...
ဒါပေမဲ့ ကိုယ့်အတွက်မဟုတ်တဲ့ ငယ့်ရဲ့အပြုံးလေးတစ်ချက်ကတောင် ကိုယ့်ကိုပျော်ရွှင်စေတာမို့ ငယ်က အမြဲတမ်းပြုံးနေပေးပါနော်...
ချစ်တယ် ငယ်...
30.1.2018
YOU ARE READING
ချစ်မြတ်နိုးရပါသော...(Hunnie)
Документальная прозаTo beloved BABY ANGLEs #Just Feeling...