Feeling! ☆

17 6 0
                                    

ကိုယ်မသိလို့ မေးချင်တယ် ဘေဘီ!

OT12ကိုမှီမှ EXO-Lစစ်တာလား?

OT12ကိုမမှီပေမဲ့ 12ယောက်လုံးကို ရင်နဲ့အမျှချစ်တဲ့ ကိုယ့်လိုလူတွေကရော...

EXO-Lမဟုတ်တော့ဘူးလား?

ကလေးတို့ကို တကယ်မချစ်ရတော့ဘူးလား?

ကလေးတို့ပြောထားတယ်မလား...

ဘယ်အချိန်မှ EXOကိုချစ်ချစ်...
(12ယောက်ရှိကတည်းပဲချစ်ချစ်...အခုမှပဲချစ်ချစ်...)

EXOကို တကယ်ချစ်တဲ့သူတွေဟာ
EXO-Lတွေပါပဲလို့လေ...

ကလေးတို့ကိုယ်တိုင် အဲ့လိုပြောထားတာတောင်မှ

တစ်ချို့တစ်ချို့ fandomတူ စီနီယာတွေက ခွဲခြားခွဲခြားနဲ့ရယ်...(အကုန်လုံးကိုပြောတာမဟုတ်)

သူတို့မှပဲ ကလေးတို့ကိုတကယ်ချစ်သလိုလို...

သူတို့မှပဲ EXO-Lစစ်သလိုလိုနဲ့...

အဲ့လိုတွေ တွေ့ရကြားရတဲ့အချိန်တိုင်း ကိုယ်ရင်နာရတယ်သိလား...

နောင်တလည်းရတယ်...

အားလဲငယ်တယ် ..

ဘာလို့ အစကထဲက မနီးစပ်ခဲ့ကြရတာပါလိမ့်လို့လေ...

ဘာလို့များ အိမ်ကလူတွေက ၁၀တန်းပြီးမှ ဖုန်းပေးကိုင်ပြီး ကိုယ့်ကို အရာအားလုံးနဲ့ မျက်စိပိတ် နားပိတ်
အဆက်အသွယ်ဖြတ်ထားခဲ့ကြတာပါလိမ့်...

ကိုယ်ဆိုတဲ့လူက ဖုန်းဆိုတာကို ၁၀တန်းပြီးမှ ကိုင်ခဲ့ရတဲ့အပြင် အင်တာနက်ဆိုင်ဆိုတာလဲ ဘာမှန်းမသိ...

တကယ်ကို Social Networkဆိုတာကို ၁၀တန်းအောင်မှ ရင်းနှီးခဲ့ရတာ...

အဲ့လိုလူသားက ကလေးတို့ကို first yearတက်မှ ရင်းနှီးခဲ့ရပြီး ချစ်ခဲ့ရတာ ကိုယ့်အမှားလား ဟင်?

၉တန်းကတည်းက ကလေးတို့ကို ကြားဖူးခဲ့ မြင်ဖူးခဲ့ပေမဲ့ သေချာ မရင်းနှီးခဲ့တဲ့အပြင် ကိုယ်၁၀တန်းပြီးမှ
(ကလေးတို့Debutခဲ့တဲ့အချိန်နဲ့ ၃နှစ်လောက်ကြာမှ) သေချာသိရပြီး fandomထဲ ဝင်ခဲ့ရတာ...

နောက်ကျမှ...(လူတွေမစုံတော့မှ) fandomထဲရောက်ခဲ့ပေမဲ့...

ကလေးတို့ကိုလေ (12ယောက်လုံးကို) စီနီယာကြီးတွေထက်မပိုရင်တောင် တန်းတူနီးပါး ချစ်ရပါတယ် ကလေးတို့ရယ်...

အဲ့ဒါကိုမှ Lမစစ်ဘူး...တကယ်မချစ်ဘူးလို့...စွပ်စွဲကြရင်လဲ ရှိပါစေတော့ကွယ်...

ဘယ်သူ ယုံယုံ မယုံယုံ ကလေးတို့ကတော့ ယုံတယ်မလား...

ချစ်တယ် ဘေဘီ♡

21.11.2018*Sat*

ချစ်မြတ်နိုးရပါသော...(Hunnie)Where stories live. Discover now