Stress!

14 4 0
                                    

မင်းကိုချစ်ပါတယ်လို့ပြောပြီး သားပြောမယားပြော ပြောဆိုနေတဲ့ အဲ့မိန်းကလေးကို မုန်းလိုက်တာ...

ကိုယ့်မှာတော့ မင်းကိုချစ်တာတောင် သူ့ရှေ့မှာ သဲသဲလှုပ်မပြရဲဘူး..

သူ့လို မင်းလေးတို့စပေါ်ကတည်းက မstanနိုင်ခဲ့တာမို့...

သူ့ရှေ့မှာ အရမ်းချစ်ပြရင် သူ့ရဲ့ facebookပေါ်က postမှာ "နောက်မှfdထဲရောက်ပြီး သောက်ပိုလုပ်နေတယ်" လို့ စောင်းမြောင်းပြောခံရမှာစိုးလို့ 😅

ကိုယ့်ကို ပြောရင် ခံနိုင်ပေမဲ့...

မင်းနဲ့ပတ်သက်တဲ့ ကိုယ့်အချစ်ကို အထင်သေးရင်တော့ ကိုယ် သိပ်နာတယ်...

အဲ့မိန်းကလေးကတော့ တစ် မောင်မောင်နဲ့ မင်းကို OCနေလေရဲ့...

ပြီးတော့..

မင်းလေးတို့တောင် မသတ်မှတ်ထားတဲ့သတ်မှတ်ချက်ကြီးကို သူက သတ်မှတ်လေရဲ့...

တကယ်ချစ်ရင် Albumတွေ ဝယ်နိုင်ရမယ်တဲ့...

ကိုယ့်မှာ ရင်ထဲကို နင့်ခနဲပါပဲကွယ်...

ပြီးတော့ မင်းတို့ကို သိပ်ချစ်လှချည်ရဲ့ဆိုတဲ့ အဲ့မိန်းကလေးက
သူ့OTPမဟုတ်တဲ့ တခြားOTPက ကိုယ်တို့မြတ်နိုးရတဲ့ နှစ်ယောက်ကို ကိုယ့်ရှေ့တည့်တည့်မှာ ပိုးစိုးပက်စက်ပြောတာကို ကြားရတာ ကိုယ့်မှာရူးမတတ်ပဲ..

ကိုယ့်မျက်မြင်မဟုတ်ပဲ တခြားသူလာပြောတာသာဆို သူက အဲ့လိုပြောတယ်ဆိုတာ ကိုယ် ယုံမှာမဟုတ်ဘူး...

ခုများတော့လေ...

မင်းကို OCတာ မြင်ရတိုင်း...

ကိုယ်ကတော့ အဲ့မိန်းကလေးကို ရွံမိတော့တာပါပဲ...

ချစ်မြတ်နိုးရပါသော...(Hunnie)Where stories live. Discover now