Phone screen ပေါ်က မင်းရဲ့ပုံရိပ်ကလေးတွေကို ထိတွေ့ရင်း ပြုံးနေမယ်...
မင်းရဲ့အပြုံးလေးတွေကိုငေးရင်း လိုက်ပြုံးမယ်...
မင်း မျက်နှာမကောင်းရင် စိတ်ပူမယ်...
မင်းရဲ့အသံလေးကို နားထောင်ရင်း သီချင်းစာသားလေးတွေ လိုက်ရွတ်မယ်...
မင်း ကကွက်တွေကို ကြည့်ရင်း ကြည်နူးမယ်...
တစ်ခါတစ်ရံ မင်း half nakedနဲ့ ကတဲ့အခါ ကိုယ် ပွစိပွစိရွတ်ပြီး အူတိုမယ်...
မင်းက ကိုယ်သဘောမကျမဲ့အရာသေးသေးလေးတွေလုပ်မိတဲ့အခါ..
မင်းမသိနိုင်တဲ့အဝေးတစ်နေရာကနေ မင်းမချော့လဲ စိတ်ကောက်နေမယ်...
Stageပေါ်မှာ စကားတွေအများကြီးပြောပြီး အမြဲတမ်းချစ်ဖို့ကောင်းနေတဲ့ မင်းကိုတွေ့တိုင်း...
"ဪ...ငါ့ကလေးလေးတောင် ကောင်းကောင်းမွန်မွန်နဲ့ အရွယ်ရောက်လာပါရောလား" ဆိုပြီး ကြည်ကြည်နူးနူးပြုံးမိမယ်...
တစ်ဆက်ထဲမှာပဲ...
ချစ်ရတဲ့သူရှိလာမှာကို တွေးပြီး စိုးရိမ်မယ်...
မဖြစ်လာသေးတဲ့ကိစ္စတွေကို ကြိုတွေးပြီး မျက်ရည်ကျမိမယ်...
Dating newsထွက်လာခဲ့သည်ရှိသော် လို့တွေးရင်း..
ဖြစ်မလာလောက်ပါဘူးလို့ ပြန်ဖြေတွေးရင်း...
ကိုယ့်ရဲ့စိတ်ကို ပြန်အားတင်းမယ်...
ကိုယ် ပင်ပန်းလာတဲ့အခါ...
မင်းရဲ့ပုံရိပ်လေးတွေကို ငေးရင်း အနားယူမယ်...
ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ မင်းတို့အဖွဲ့လေးရဲ့သီချင်းတွေကိုဖွင့်ရင်း သံစဉ်လေးတွေ စာသားလေးတွေ လိုက်ညည်းမယ်...
အထူးသဖြင့် မင်းဆိုထားတဲ့ စာသားလေးတွေကိုပေါ့...
အဆီအငေါ်မတည့် ပေါက်ကရတွေထွက်လာတဲ့ ကိုယ့်ရဲ့အသံကိုပြန်နားထောင်ရင်း ရယ်မိမယ်...
ကိုယ့်ရဲ့နေ့ရက်တွေ အချိန်တွေတိုင်းက မင်းလေးတို့နဲ့ပဲ ပြည့်နေတာပါ...
အမြဲတမ်း သတိမရနိုင် လွမ်းမနေနိုင်ခဲ့ရင်တောင်...
ကိုယ့်ရဲ့ ဘယ်ဖက်ရင်ဘတ်နားလေးကကိုယ့်နှလုံးသားထဲ နဲ့ ကိုယ့်ဦးဏှောက်ထဲမှာတော့ ခများလေးတို့ပဲ ရှိနေမှာပါ..
အချိန်အကြာကြီး အနားမှာရှိနေပေးပါလို့ တောင်းဆိုစရာမလိုအောင်...
ကိုယ့်ရဲ့နောက်ဆုံးအချိန်အထိ ခလေးတို့ကိုပဲ ချစ်သွားမှာမလို့...
တစ်နေ့ ကလေးတို့ဆီကို ကိုယ် ရောက်အောင်လာတွေ့ဦးမှာမလို့...
ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ ညီအစ်ကိုတွေအကုန်လုံးအတူတကွ အောင်မြင်မှုတွေနဲ့အတူ ကိုယ့်ကိုစောင့်နေပေးပါနော်...
ချစ်တယ် ဘေဘီ♥
ကိုယ့်ဘဝရဲ့အလင်းရောင် ကိုယ့်ရဲ့အိန်ဂျယ်လေး♥
26.8.2018*Sun*