တစ်ချို့တွေကပြောကြတယ်...
ငယ်တို့ရဲ့ Albumတွေကို ဝယ်နိုင်မှ Lအစစ်တဲ့...
တစ်ချို့တွေကပြောကြတယ်...
ငယ်တို့ရဲ့ Concertကို လာနိုင်မှ တကယ်ချစ်တာတဲ့...
တစ်ချို့ တစ်ချို့တွေကပြောကြတယ်...
ငယ်တို့ပုံလေးတွေဝယ်မှ တကယ်ချစ်တာတဲ့...
အဲ့ဒါဆိုရင် ငယ်...
ကိုယ့်အချစ်က မစစ်တော့ဘူးလား...
ကိုယ်ကLမဟုတ်တော့ဘူးလား...
ကိုယ် အခုချိန်ထိ ငယ်တို့ Albumတွေ မဝယ်နိုင်သေးဘူး...
အခုချိန်ထိ ငယ်တို့ရဲ့ Official PC တွေ မဝယ်နိုင်သေးဘူး...
အခုချိန်ထိ ငယ်တို့ရဲ့ Official Goods တွေ မဝယ်နိုင်သေးဘူး...
အခုချိန်ထိ ငယ်တို့ရှိနေတဲ့ ငယ်တို့ရဲ့ ကိုယ်ပိုင် ရောင်စုံOceanကြီးထဲက အလင်းလေးတစ်ပွင့် ဖြစ်ခွင့်မရှိသေးဘူး...
ငယ်တို့ကို ကိုယ်ချစ်တယ်...
အဲ့ဒါကို ဘယ်သူမှမသိလဲ ကိုယ့်ကိုယ်ကို သိတယ် ငယ်...
ငယ်တို့လဲသိတယ်မလား?...
Omm...ဘာလို့အခုလိုတွေပြောနေရတာလဲဆိုတော့...
ကိုယ် အဲ့ဒါကို ဖတ်မိပြီး စိတ်မကောင်းဖြစ်သွားလို့ပါ ငယ်...
ဘာတဲ့...
ချစ်တယ်လို့ ပါးစပ်ကပြောနေရုံနဲ့မပြီးဘူး တဲ့...
လက်တွေ့လုပ်ပြနိုင်မှ တကယ်ချစ်တယ်လို့ ဆိုလိုချင်တာနေမယ် ငယ်...
အဲ့ကိစ္စကလဲ ငယ်တို့ကိုတွေ့ခွင့်ရဖို့ ကိစ္စအတွက်...
ကိုယ့်ကို ပြောတာမဟုတ်ပေမဲ့ ကိုယ်က အဲ့အရာကို လုပ်ပေးဖို့ မတတ်နိုင်တဲ့အတွက် ခံစားရတယ် ငယ်...
Omm...ကိုယ်လဲလေ...တစ်ချို့တွေလို...
နားလည်မှုရှိတဲ့ မိသားစုလေး လိုချင်လိုက်တာ...
အခုတော့...ကိုယ့်မှာ...ငယ်တို့ကို ချစ်တာ အပြစ်တစ်ခုလိုကို ဖြစ်လို့...
ကံတရားပဲပေါ့ ငယ်ရယ်...
ကိုယ် ဘွဲ့ရပြီး ကိုယ်ပိုင်အလုပ်နဲ့ဖြစ်သွားကာမှ ငယ်တို့ကို တွေ့ဖြစ်အောင် လာတွေ့မယ်နော်...
သိပ်မကြာတော့ပါဘူး ငယ်...
အများဆုံး ၄ ,၅နှစ်ပေါ့...
အင်းးး...ဒီကြားထဲမှာ ကိုယ် မရှိတော့ခဲ့ရင်တော့...
ကံပဲပေါ့ ငယ်ရယ်...
ဒါပေမဲ့လေ ကိုယ်မသေခင်လေးတော့ ငယ့်ကိုသိပ်ချစ်တဲ့ ကိုယ်ဆိုတာရှိပါလားလို့ ငယ်သိသွားစေချင်တယ် ငယ်ရယ်...
ချစ်တယ် ငယ်...
သိပ်ချစ်တယ်...
21.3.2018