သူများတွေ comebackအတွက် albumတွေဝယ်ဖို့ အဆင်သင့်စောင့်နေကြတဲ့အချိန်...
ကိုယ့်မှာ ဝယ်ဖို့နေနေသာသာ...
စုထားတဲ့ပိုက်ဆံတွေတောင် အိမ်ကအသုံးလိုလို့ ထုတ်ပေးလိုက်ရတယ်...
အစက ကျူရှင်လခတွေပါ ဘတ်ဖို့လုပ်ထားပေမဲ့ အိမ်မှာစီးပွားရေးကြပ်တည်းနေတဲ့အခါ ကိုယ်မလုပ်ရက်တော့ဘူး...
တချို့ တချို့တွေရဲ့ Albumဝယ်ပီး supportပေးနိုင်မှ/Concertသွားနိုင်မှ/PCတွေဝယ်နိုင်မှ/official goodsတွေဝယ်နိုင်မှ ကလေးတို့ကိုတကယ်ချစ်တာ / Lစစ်တာ လို့ ပြောကြတာကို မြင်ရ ကြားရတိုင်း...
ကိုယ်အားငယ်မိတယ်...
ပြီးတော့..Lအစစ်မဟုတ်ဘူး..မင်းလေးတို့ကို တကယ်မချစ်ဘူး..လို့ အပြောခံရမှာ အထင်ခံရမှာ စွပ်စွဲခံရမှာကို ကြောက်မိတယ်...
ပင်ပန်းတယ် ခလေး...
Koreaဆိုတာနဲ့ ခါးခါးသီးသီးဖြစ်နေတဲ့ ဆွေမျိုးအသိုင်းအဝိုင်းကြားမှာ Kpopperတစ်ယောက် ဖြစ်နေရတာ...
နားလည်မပေးနိုင်တဲ့ မိဘတွေနဲ့ ကိုယ်သိပ်ကိုမြတ်နိုးရတဲ့ကလေးတွေနဲ့ ကြားထဲမှာ ကိုယ် အဆင်ပြေပါတယ်လို့ မလိမ်ချင်ဘူး ကလေး...
မိဘကနားလည်ပေးနိုင်ပြီး Albumဖိုးလဲ မငြိုမငြင်ထုတ်ပေးတဲ့အပြင် Concertဆိုလဲ Concertအလျောက် သွားခွင့်ပေးတာတွေ...
ကိုယ့်သူငယ်ချင်း အသိမိတ်ဆွေတွေထဲမှာ အဲ့လိုLလေးတွေကို တွေ့ရတိုင်း မျက်ရည်လည်တဲ့အထိ အားကျမိတယ် ကလေးလေးရယ်...အဲ့လိုလုပ်ပေးနိုင်ဖို့က ငွေကြေးအဆင်ပြေမှဆိုတာ သိပါတယ်...
ကိုယ်လိုချင်တာ ငွေကြေးမဟုတ်ဘူး ...
နားလည်မှု...ကိုယ်မြတ်နိုးတဲ့အရာကို ကိုယ်သိပ်ချစ်တာကို နားလည်ပေးနိုင်တာကို လိုချင်မိတာ...
အရင်က အိမ်ကပြောနေကျ စကားတစ်ခွန်းရှိတယ်..
ပိုက်ဆံစု...အဲ့ဒါမှ နင်လိုချင်တာကို မိဘဆီလက်ဖြန့်စရာမလိုပဲ ဝယ်လို့ရမှာပေါ့ တဲ့...
အခု..ကိုယ် ပိုက်ဆံစုတယ်..ကိုယ်လိုချင်မိတဲ့ ခလေးတို့ရဲ့Albumလေးကို ဝယ်ဖို့လုပ်တယ်...
သောက်ရေးမပါတာကို ပိုက်ဆံမဖြုန်းစမ်းနဲ့တဲ့ ^-^
ကိုယ် ဘာမှ မပြောချင်တော့ဘူးကွာ...
နေလဲမနေချင်တော့ဘူး...
တကယ်ကို ပင်ပန်းနေပြီ ~.~
ချစ်တယ် ကလေးလေး ♥
3.9.2018*Mon*