ငယ်ရေ...
ရေ မြေ နေရာဒေသ မတူညီတဲ့နေရာမှာ မွေးဖွားလာတာကို အပြစ်တင်ရမှာလား...
မဖြစ်နိုင်မှန်းသိသိကြီးနဲ့ ရှေ့ဆက်တိုးဖို့လုပ်နေတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ရမှာလား...
အရာရာကို သူတို့ခေတ်နဲ့နှိုင်းယှဉ်ပြီး နားလည်မှုမရှိ လိုက်ချုပ်ခြယ်နေတဲ့ ကိုယ့်မိဘဆွေမျိုးတွေကိုပဲ အပြစ်တင်ရမှာလား...
ဘာလုပ်လုပ် အပြစ်တင် ပြောဆိုဖို့ စောင့်ကြည့်နေကြတဲ့ ပတ်ဝန်းကျင်ကို အပြစ်တင်ရမှာလား...
ကိုယ့်အတွက် ပျော်စရာဆိုတာ အရမ်းရှားတဲ့ ကိုယ့်ကံကြမ္မာကိုပဲ အပြစ်တင်ရမှာလား...
ကိုယ် မသိတော့ဘူး ငယ်...
ကိုယ်ဟာ ငယ်တို့နဲ့ နီးစပ်ဖို့ကြိုးစားရင်း တဖြေးဖြေး ပိုဝေးလာတယ်လို့ ခံစားရတယ်...
ကိုယ်...ကိုယ် သိပ်မသုံးမကျတာပဲနော်...
ကိုယ် တောင်းပန်ပါတယ် ငယ်ရယ်...
ကိုယ်လေ...ကိုယ်...တကယ်မခံစားနိုင်လွန်းလို့ ရင်လာဖွင့်မိတာပါ...
ငယ် မငြိုငြင်ဘူး မဟုတ်လားဟင်...
ကိုယ် ငယ့်ကို သိပ်ချစ်တယ်...
ပြောမပြတတ်အောင် ချစ်တယ်...
ငယ်ဟာ ကိုယ့်ရဲ့ဘဝ...
ငယ်ဟာ ကိုယ့်အိပ်မက်...
ငယ်ဟာ ကိုယ့်နှလုံးသား...
ငယ်ဟာ ကိုယ့်ရဲ့အရာရာပါ ငယ်...
အဲ့ဒါကိုတော့ ငယ် ယုံတယ်မလား...
သိပ်ချစ်တယ် ငယ်...
15.3.2018