ပျော်တယ်မလား ဟန်...
မင်းပျော်ရင် ကိုယ်အဆင်ပြေတာမလို့...
မင်းစိတ်ချမ်းသာသလိုသာ လုပ်ပါတော့ ဟန် ရယ်...
တစ်ခုတော့ရှိတယ်...
HunHan ကို သေတဲ့အထိ ယုံနေမယ်ဆိုတာကိုတော့ မှတ်ထားပေး...
ချစ်တယ် ဟန်ငယ်...
ရင်နာနာနဲ့ပဲ ဆက်ချစ်နေပါ့မယ် ကိုယ့်ရဲ့သောကြာကြယ်...
မင်းရဲ့လုပ်ရပ်တွေအတွက် ကိုယ့်ကလေး ဝမ်းနည်းကောင်းဝမ်းနည်းနေပါလိမ့်မယ်...
ဒါပေမဲ့ ကိုယ်တို့က ပိုချစ်ပေးမှာမလို့...
ဘာကိုမှထည့်တွက်မနေပဲ မင်းသိပ်ချစ်တဲ့ အဲ့မိန်းမနားမှာပဲ ပျော်ပျော်ကြီးနေလိုက်စမ်းပါ...
သူ့ ကိုသိပ်ချစ်တယ်မလား ဟန်...ချစ်လိုက်စမ်းပါ...
ဒီ့ထက်ပိုပြီး ချစ်ပြလိုက်စမ်း ကလေးငယ်...
မင်းရဲ့သူမအပေါ်ဂရုစိုက်မှုတွေပေါ်မူတည်ပြီး...
ကိုယ်ရဲ့ သူမအပေါ်အမုန်းတွေ အဆပေါင်းများစွာတိုးသွားမယ် ကလေး...
ချစ်လိုက်စမ်း ဟန်...
မင်းပဲ ချစ်ပြနိုင်မလား..ကိုယ်ပဲ မုန်းပြနိုင်မလား...
မင်းချစ်တာနဲ့အချိုးတူ အဲ့မိန်းကလေး မင်းကိုချစ်ရင် ကိုယ် ပျော်ပျော်ကြီးလက်ခုပ်တီးပေးမယ် ကလေး...
မင်းတို့ပြတ်သွားခဲ့လို့...
ဝမ်းသာအားရ လက်ခမောင်းခတ်ပြီး ပျော်မိရင်တော့
ကိုယ့်ကို ခွင့်လွှတ်ပေး ကလေး...ချစ်တယ် ဟန်ငယ်...
*3.8.2017*Fri*