သူများတွေအတွက် အချစ်ဆိုတာဘယ်လိုမျိုးလဲ ကိုယ်မသိဘူး..
ကိုယ့်အတွက်ကတော့...
အချစ်ဆိုတာ...
ခများလေးတို့ပြုံးနေရင် ကိုယ်ပါပြုံးနေမိတာမျိုး...အချစ်ဆိုတာ...
ခများလေးတို့ပျော်နေရင် ကိုယ်ပါ အလိုလိုပျော်နေမိတာမျိုး...အချစ်ဆိုတာ...
ခများလေးတို့ မျက်နှာလေးတွေညှိုးနေရင် ကိုယ့်မှာ ကမ္ဘာပျက်နေသလိုမျိုး...အချစ်ဆိုတာ...
ဘယ်သူတွေဘာပြောနေပါစေ ခများလေးတို့ကိုပဲမျက်နှာမူပြီး အရာရာကိုလစ်လျူရှုပစ်လိုက်တာမျိုး...အချစ်ဆိုတာ...
ခများလေးတို့ကိုပဲယုံကြည်ပြီး ဘယ်အရာကိုမှတရားလွန်ခံစားမနေတော့တာမျိုး...အချစ်ဆိုတာ...
ခများလေးတို့မျက်နှာလေးကို ဖန်သားပြင်ကပဲမြင်နေရပါစေ ကြည်နူးနေမိတာမျိုး...အချစ်ဆိုတာ...
အိမ်နဲ့တောင်အတိုက်အခံလုပ်ပြီး တနေ့ ခများလေးတို့ကိုလာတွေ့နိုင်တဲ့နေကျ အဆင်သင့်ဖြစ်နေအောင် ဘာသာစကားတွေ လေ့လာနေတာမျိုး....ပိုက်ဆံစုတတ်တဲ့အကျင့်လဲမရှိ...
အစားကလွဲပြီး ကျန်တာမသိတဲ့ ကိုယ်က...ကိုယ့်ကိုယ်ကိုတောင် မသထာနိုင်တော့ပဲ ခများလေးတို့နဲ့ပတ်သက်တာတွေကို တတ်နိုင်သ၍ စုဆောင်းဖို့ ပိုက်ဆံစုနေမိတာ...
ကိုယ့်အတွက် အချစ်ဆိုတာက သိပ်ကိုရိုးရှင်းပါတယ်...
ခများလေးတို့ကိုပဲ နှလုံးသားထဲ စိတ်ထဲမှာထည့်ထားပြီးတဲ့နောက်...
မင်းတို့ကပဲ ကိုယ့်နှလုံးသားထဲမှာ အချိန်ပြည့်နေရာယူထားပြီး..
အမြဲမဟုတ်တောင် ကိုယ့်နိစ္စဒူဝအလုပ်တွေအပြီး အားလပ်ချိန်တိုင်းမှာ မင်းတို့ကပဲ ကိုယ့်စိတ်ကို ပိုင်စိုးထားတာ...
ကိုယ့်အချိန်ပိုတွေကို မင်းလေးတို့ကိုပဲ ပေးထားမိတော့တာ...
မိသားစုကလွဲ...
ဘယ်အမျိုးသား...
ဘယ်အမျိုးသမီး...
တခြား ဘယ်သူ့ ဘယ်သူကိုမှ...ချစ်လို့မရတော့တာမျိုးပါပဲ....
မျက်နှာချင်းဆိုင်တွေ့ပြီး သိပ်ချစ်ကြောင်းတွေမပြောနိုင်သေးပေမဲ့...
သိပ်ချစ်ပြီး သိပ်ကိုမြတ်နိုးရတယ်ဆိုတာ သိတယ်မလား...
မျက်နှာချင်းဆိုင်တွေ့ပြီး သိပ်ချစ်ကြောင်းတွေကိုပြောပြနိုင်ဖို့ ကိုယ်အတတ်နိုင်ဆုံးကြိုးစားသွားမှာမလို့...
ကိုယ့်ကိုယုံကြည်ပြီး ကျန်းကျန်းမာမာနဲ့ ညီအစ်ကိုတွေအကုန်လုံး အတူတူစောင့်နေပေးပါ...
ချစ်တယ်♡
3.1.2019*Thu*
YOU ARE READING
ချစ်မြတ်နိုးရပါသော...(Hunnie)
Документальная прозаTo beloved BABY ANGLEs #Just Feeling...