နံနက်ခင်း နေရောင်ခြည် နုနု တို့ ဖြာကျနေသော အခန်း အတွင်း ၌ အိပ်မောကျ နေသော ကောင်လေး တစ်ယောက်...။ စောင်ပုံအောက်ထဲ အိပ်စက်နေတဲ့ ကောင်လေးက မဖြူ မညို အသားအရည် ကို ပိုင်ဆိုင်သူ ပင်...။ ထိုသူက ဆိုးလ် မြို့ ဝန်ကြီး ချုပ် ကင်ယောင်မင်း ရဲ့ သား... ကင်ဂျုံအင်း...။ ရှင်းဟွာ အထက်တန်းကျောင်း ရဲ့ ဂုဏ်ဆောင်... စာတော်သော ကျောင်းသား တစ်ဦးပင်.....။
ဂျုံအင်း အိပ်ပျော် နေတဲ့ အခန်း ထဲကို အသက်ကြီးကြီး လူ တစ်ယောက် ဝင်လာကာ...~သခင်လေး... ထပါတော့ ... ကျောင်းသွားဖို့ အချိန် ရောက်ပါပြီ။...။ ~
ထို စကား ဆုံးသည်နှင့် ငေါက်ခနဲ ထ ထိုင်တဲ့ ဂျုံအင်း....။ ဝှါး ခနဲ တစ်ချက် သန်းကာ ရေချိုးခန်းထဲ ဝင်သွားသည်။ အိမ်တော်ထိန်း ကြီးး လည်း ပြုံးကာ အောက်ထပ် ပြန်ဆင်းသွားသည်။
*******************
~ အင်း.... ဒီနေ့ သချာင်္ချိန် မှာ စာအုပ်ထပ်ရမယ် .... အင်္ဂလိပ်စာ က... ¿$€£¿$€•¿£€~
ဂျုံအင်း တစ်ယောက်တည်း ရေရွတ် ရင်း အိတ် ထဲ ကို စာအုပ်တွေ စီထည့်လိုက်သည်။ ပြီးတော့မှ ခုံပေါ်က မျက်မှန် အဝိုင်းလေးကို ကောက်တပ်ကာ မှန်တစ်ချက် ကြည့်လိုက်သည်။ ကျောင်းဝတ်စုံကို သပ်သပ် ရပ်ရပ် ပြင်ဆင်ပြီး လွယ်အိတ်ကို လွယ်ကာ အောက်ထပ်ကို ဆင်းလာလိုက်သည်။ အောက်ရောက်တော့ ဂျုံအင်း ကို ဂျုံအင်းအမေက
~ အိုး!!.... မာမီ ရဲ့ သားလေး က ပြင်ဆင်လို့တောင် ပြီးပြီ လား ~
~ ဟုတ်တယ် မာမီ... ဒီနေ့ သား ကျောင်းမှာ စာ ပြန်လေ့လာ စရာတွေ ရှိလို့ ..... ဒါနဲ့ ဒယ်ဒီ ရော~
~ သား ရဲ့ ဒယ်ဒီ က ဝန်ကြီးများ အစည်းအဝေး သွားတယ် ကွယ့် ...... ကဲ ကဲ စား စား ... ပြီးရင် ဒရိုင်ဘာ လီ နဲ့ ကျောင်းသွားလိုက်နော်.... ဒရိုင်ဘာ မင်က ဒယ်ဒီ နဲ့ လိုက်သွားရလို့ .... ~