ဆိုးလ် မြို့ အပြင်ဘက် ရှိ ဂိုထောင် အဟောင်း တစ်ခုတွင်.. ရှိနေကြသော လူ တစ်စု...။ သူတို့ ရှေ့တွင်တော့ ကြိုး နှင့် တုပ်ကာ ဖမ်းဆီးခြင်း ခံထားရသည့် မိန်းကလေး နှစ်ဦး..။
ထို မိန်းကလေး တွေကို ပစ်ထားကာ ဖဲရိုက်သူ ရိုက်.. အရက်သောက်သူ က သောက် နှင့် ဖရိုဖရဲ ဖြစ်နေသော ဂိုထောင် ထဲသို့ ဝင်လာတဲ့ လူတစ်ဦး..။" ဒုန်း...... "
ထို လူက ဖဲရိုက်နေသည့် စားပွဲကို ကန်လိုက်တော့မှ အလန့်တကြား ဖြစ်ကာ အရိုအသေ ပေးကြသည်။ ထိုလူက ခုံတစ်ခုံ တွင် ဝင်ထိုင်ကာ
" မင်း တို့ ငါ ခိုင်းတဲ့ ကိစ္စ ပြီးပြီလား... "
" ဟုတ်ကဲ့.... ပြီးပါပြီ.....ဘော့စ်... "
အဖွဲ့ထဲမှ ခေါင်းဆောင် ဖြစ်ဟန် ရှိသူက ဖြေသည်။
" ဘယ်မှာလဲ..... "
" ဟိုဘက်ထောင့်မှာ ဖမ်းထားပါတယ်... ဘောစ့်...... ဘောစ့် ခိုင်းထားတဲ့ အတိုင်း ဝန်ကြီး မင် ရဲ့ သမီး နဲ့ ဝန်ကြီး ချွဲ ရဲ့ သမီးပါ.... "
သူ့ရဲ့ ပြောစကား အပြီးမှာ ဘော့စ် ဆိုသူက ဟက်ဟက် ပက်ပက် ထရယ်ကာ
" ဟား ... ဟား .... ဟား... အခု လောက်ဆို ဒီလူတွေ ပြာယာ ခတ်နေလောက်ရောပေါ့... မင်းတို့ တာဝန်ကျေတယ်.... အခု ငါ နောက်တစ်ခု ထပ်ခိုင်းမယ်.... ဒီတစ်ယောက် လည်း ဒီလို သတင်းကောင်း မျိုးပဲ လိုချင်တယ်.... ကြားလား..... "
" ဟုတ်ကဲ့....ဘော့စ်..... ... ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်..... "
ခေါင်းငုံ့ အရိုအသေ ပေးကာ ပြောတော့ အိတ်ထဲက ဓာတ်ပုံ တစ်ပုံကို ထုတ်ကာ ခုံပေါ်တင် ပြီး ထထွက်သွားလေပြီ.... ။ ထို ဓာတ်ပုံ ထဲမှာတော့ ကာယကံရှင် ကောင်လေးက ရယ်မောကာ ပြုံးရွှင်လို့.... ။
************************
" ဟာ..... အဲ့လို မကိုင်ရဘူးလေ...သေနတ်ကို.... အဲ့လို ကိုင်တော့ ပစ်မှတ်ကို ဘယ်လို ထိမလဲ.... ကင်ဂျုံအင်း ရဲ့..... "