" ကောင်းကောင်းသွားပါရှင်.... ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်... "ကုန်တိုက်က ဝန်ထမ်းမလေးရဲ့ စကား ကို အသိအမှတ်ပြု ပြုံးပြလိုက်ပြီး အထုပ်အပိုးတွေ ကို ဆွဲကာ ထွက်လာလိုက်သည်။
လက်ထဲက အထုပ်တွေက လေးတာကြောင့် ကားနောက်ခန်းထဲ ထည့်ထားကာ စောင့်နေမိသည်။
လာတုန်းကတော့ နှစ်ယောက် ဆိုပေမယ့် ကင်ဂျုံအင်းက အန္တရာယ် မလွယ်နိုင်တော့ဘူး ဟုဆိုကာ Toilet ကို ပြေးတာမို့ ယခုလို ရပ်စောင့်နေရခြင်း..
ဒီနေ့က သူတို့ နှစ်ယောက်ရဲ့ 3 months anniversary မို့ ဂျောင်ဆူးရဲ့ အရင်တိုက်ခန်းမှာပဲ ဒီနေ့ကို ကုန်ဆုံးဖို့ ဆုံးဖြတ်ထားကြသည်။
တော်တော်နဲ့ ပေါ်မလာ တဲ့ ဂျုံအင်းက Toilet ထဲ အိပ်ပျော်နေသလား တောင် ထင်ရတာမို့ ဝင်ရှာဖို့ ဆုံးဖြတ်လိုက်သည်။ ...
" ဟို ........ Do Kyung Soo လား မသိဘူး....ခင်ဗျ...."
ကုန်တိုက်ထဲ ပြန်ဝင်ဝင်ချင်း နောက်က လှမ်းခေါ်သံကြောင့် လှည့်ကြည့်တော့ ဂျောင်ဆူးနဲ့ ရွယ်တူလောက် ရှိမည့် လူတစ်ယောက်
.."ဟုတ်ကဲ့.... Do Kyung Soo ပါ... ဒီက?"
" အာ...ကျွန်တော်က ဂန်းနမ် ရဲစခန်း က အမှုစစ် Min Yong Jimပါ... Kyung Soo sshi ကို ကျေးဇူးတင်စရာလေး ရှိလို့ပါ.... "
"ဗျာ....ကျွန်တော့်ကို?"
ဂျောင်ဆူး နည်းနည်းတော့ ကြောင်သွားရသည်။ တစ်ခါမှ မတွေ့ဖူးတဲ့ သူဆီက ကျေးဇူးတင်စကား ပြောခံနေရတာမို့ ....
" ဟုတ်ပါတယ်....ကျွန်တော် ဟိုတစ်ခေါက် ဝန်ကြီး သားသမီးတွေ ပြန်ပေးဆွဲခံရတဲ့ ကိစ္စကို တာဝန်ယူခဲ့တဲ့ အမှုစစ်ပါ... "
" ဩော်... ဟုတ်ကဲ့.. ကျွန်တော်မှတ်မိပါတယ်.. ဒါပေမယ့် ကျွန်တော် နဲ့ ဘယ်လိုများ... "
" အဲ့တုန်းက Kyung Soo sshi နဲ့ အဖွဲ့ကသာ ဝိုင်းဝန်း မကူညီခဲ့ဘူးဆို ကျွန်တော့် အမှုက ကြာသွားခဲ့မှာလေ.... အခုတော့ Kyung Soo sshi ရဲ့ ကျေးဇူးကြောင့် တရားခံတွေ ရော နောက်ကွယ်က လူရော ဖမ်းမိခဲ့တာပါ... "