MSBB~•9•~

2.8K 294 20
                                    


       " ဒိုဂျောင်ဆူး... ကျွန်တော် ၀င်လာပြီနော်... "

         အခန်း တံခါး ခပ်ဖွဖွ ခေါက် အသံ ပေး ပြီး ဝင်လာတဲ့ ဂျုံအင်း ကို ကုတင် ပေါ်က နေပြီး ဖတ်လက်စ စာအုပ်ကို အသာချကာ သွားဖြီး ပြ လိုက်တာကြောင့် ဂျုံအင်းထံမှ မျက်စောင်း တစ်ချက် က လွင့်ခနဲ..။ 
သတိရလာပြီး နှစ်ရက်မြောက်မှာ ဆေးရုံ က နေ ဆင်းခဲ့တာမို့ ဂျုံအင်းက စိတ်ဆိုးကာ သုံးရက်လောက် စကား မပြောပဲ ရှိနေခဲ့တာ...။ အခုမှ နည်းနည်း စိတ်ဆိုး ပြေကာစ မို့ မျက်နှာ ချို သွေး ထားမှ တော်ရုံကျ လိမ့်မည် မဟုတ်လား..။ အခုလည်း ဂျောင်ဆူး ကို ကုတင်ပေါ်က တစ်လှမ်းမှ မဆင်းရ ဟူသော အမိန့်ကို ချထားပြန်သည်။

     "  ရော့......... "

     လက်ထဲ ကို ထည့်ပေးလာတဲ့ လက်ပတ် ကလေး...။

ဂျောင်ဆူး မျက်ခုံး ပင့်ကာ အသာကြည့်တော့ ဂျုံအင်းက လည်ဂုတ် ကို ပွတ်ကာ

    " အဟမ်း.... အဲ့ဒါက အဆောင်....ဟုတ်တယ် .... အဆောင် လက်ပတ်.... ခင်ဗျား နောက်ထပ် ဒဏ်ရာ မရအောင်လို့ ....  "

    ထစ် ထစ် အ အ နဲ့ ဖြေနေတဲ့ ဂျုံအင်း...။ ဂျောင်ဆူး စိတ်ထင် သူ့မျက်နှာ နဲ့ နားရွက်တွေ နီရဲ နေသလား လို့...။

    " အင်းပါ.... ကိုယ် အခုက စပြီး ပတ် ထား လိုက်မယ် နော်..... "

     လက်ပက် လေး ကို လက်မှာ သေချာ ပတ်ရင်း ပြောတော့ ဂျုံအင်းက လှစ်ခနဲ ပြုံးသည်။ ပြီးတော့မှ

   " ခင်ဗျား ဗိုက်ဆာနေပြီ မဟုတ်လား.... ကျွန်တော် ကြက်ကြော် ဝယ်ခဲ့ တယ်..... ပြင်ခဲ့ မယ်... ခဏ စောင့်နော်..... "

   " ကိုယ် အောက်ထပ်ပဲ ဆင်း စား..... "

   " တော်! တန်! တိတ်! ..... ဘာကို အောက်ဆင်း မှာလဲ...... ကျွန်တော် ဘာပြောထားလဲ ..... တစ်လှမ်းမှ မရွေ့နဲ့.... ပြန်လာခဲ့မယ်.... "

      အော်ထည့်လိုက်တာ များ အားကြီးနဲ့ ရယ်..။ အူခနဲ ဖြစ်သွားတဲ့ နားတစ်ဖက် ကို အသာ ပွတ်ကာ ခေါင်းသာ ငြိမ့်ပြ လိုက်ရတယ်...။ တမိုးအောက် ဒိုဂျောင်ဆူး လည်း ဒီ ကောင်လေး နဲ့ မှ ပြားပြား ကို ဝပ်နေရတော့တာပါပဲ....။

My Specialist Bodyguard Boyfriend [ Completed]Where stories live. Discover now