မြင့်မားတဲ့ သက်တော်စောင့် ကုမ္ပဏီ အဆောက်အဦးကြီး ရှေ့ ဂျောင်ဆူး နဲ့ ဂျုံအင်း ရပ်နေတာ ဆယ်မိနစ်လောက် ရှိနေပြီ ဖြစ်သည်။အရာရာ ကို ရင်ဆိုင်မယ် ဆိုပြီး လာခဲ့ပေမယ့် နှစ်ယောက်လုံး ရင်ထဲ ထိတ်နေတာတော့ အမှန်...
မြဲမြံအောင် ဆုပ်ကိုင်ထားတဲ့ လက်နှစ်ဖက်မှာ ချွေးစေးတွေ ထွက်ပြီး စေးကပ်နေတာ တောင် ခွာလိုက်ဖို့ မစဉ်းစားမိ....
ဒါပေမယ့်လည်း ကြာကြာအချိန်ဆွဲနေလို့ မကောင်းတာမို့ လက်တွေ တွဲကာ အဆောက်အဦးထဲ ဝင်သွားလိုက်သည်။
အာပါးရဲ့ အခန်းရှေ့ရောက်တော့ အတွင်းရေးမှူး Hyung က မျက်ခုံးပင့်ကာ ဝင်သွားဖို့ပြောသည်။
အထဲရောက်တော့ ဂျောင်ဆူး လက်ကို ကိုင်ထားတဲ့ ဂျုံအင်း လက်ဖျားတွေက အေးစက်ကာ ပိုပြီး တင်းကျပ်လာသည်။
ုပြီးတော့ အံ့လည်း အံ့ဩသွားရသည်။
အကြောင်း အရင်းက ထိုအခန်းထဲ ဂျောင်ဆူးရဲ့ အာပါး တင်မက ဂျုံအင်း ရဲ့အဖေ ပါ ရှိနေခြင်းကြောင့်....
"ထိုင်ကြ..... "
ခပ်ဆတ်ဆတ် ထွက်လာတဲ့ အာပါး အသံကို နားထောင်တာနဲ့ ဂျောင်ဆူးကို မကြည်သေးမှန်းသိသာသည်။
မျက်နှာချင်းဆိုင် ခုံမှာ တူတူ ဝင်ထိုင်လိုက်တဲ့ အထိ စူးစူးစိုက်စိုက် ကြည့်နေကြတုန်း....
"အာပါး.....သားတို့ကို ခေါ်တာ ဘာကိစ္စ ..."
" မင်းတို့ နှစ်ယောက်ကို ခေါ်တာ မင်းတို့ ကိစ္စကလွဲပြီး တခြား ရှိမယ် ထင်လို့လား... "
စကား မဆုံးခင် ဖြတ်ပြောလိုက်တဲ့ အာပါး အသံက ဒေါသ သံတွေနဲ့
ဘေးက ဝန်ကြီးကင်မ်ကတော့ ဘာမှ ဝင်မပြောပဲ အခြေအနေ ကို အကဲခတ်နေရုံသာ
" ကျွန်တော်တို့ကို ကန့်ကွက်ဖို့ဆိုရင်တော့ ကျွန်တော်ငြင်းရပါလိမ့်မယ် .... "
" ဒိုဂျောင်ဆူး.... သတ္တိတွေ သိပ်ရှိနေတယ်လား...ဟက်....!.... ငါတို့ လူကြီးတွေမှာ ရှိနေတဲ့ အင်အားက မင်းတို့ကို အချိန်မရွေး ခွဲပစ်လိုက်နိုင်တယ် ဆိုတာ သိရဲ့သားနဲ့... ခေါင်းမာနေတာလား..."