" ဒိုဂျောင်ဆူး..... အဖြေပေး..... "" ဟေ့လူ....... အဖြေပေး....ဆိုနေ ..... "
" အာ... ကင်ဂျုံအင်း.. ပါးစပ်လေး ခဏ ပိတ်ထားစမ်းပါ.... ငါ နားတွေ ညည်းလို့..."
အနားနား တောက်တဲ့လို ကပ်ကာ တစ်ချိန်လုံး အဖြေ လိုက်တောင်းနေတဲ့ ကင်ဂျုံအင်းအား ဂျောင်ဆူး... အော်ထုတ်လိုက်မိသည်။
လွန်ခဲ့တဲ့ နှစ်ရက်က ဖွင့်ပြော ပြီး ကတည်းက အနားက မခွာပဲ တောက်လျှောက် မမောတမ်း အဖြေလိုက်တောင်းနေတော့တာ...
ဂျောင်ဆူး နားသက်သာရာ ရတဲ့ အချိန်က ကင်ဂျုံအင်း မိဘတွေ ရှိတဲ့ အချိန်မှသာ ဖြစ်သည်။
အခုလည်း အော်ထုတ်တော့ နှုတ်ခမ်းသာ စူသွားတာ... လူ က အနားက မခွာ...
" မပိတ်နိုင်ဘူး... ခင်ဗျား အဖြေ မပေးမချင်း လိုက်တောင်း နေမှာပဲ..... အလကား.. အဖိုးကြီး ချစ်နေရဲ့သား နဲ့ မူနေ..... ဟွန်း....."
" ဟေ့ကောင်... ကြည့်ပြောစမ်း ... မူရအောင် ငါက မိန်းမလား.... "" မိန်းမ မဟုတ်ရင် မူမနေပဲ အဖြေမြန်မြန် ပြန်ပေးလေ.... ခင်ဗျားကြီးလည်း ကျွန်တော့်လို လူချောလေးကို ချစ်နေတယ် မဟုတ်လား... မညာချင်စမ်းပါနဲ့... "
အမယ်.... သောက်လိပ်မျိုးလိပ်နွယ်လေး..... စောက်မြင်ကပ်ပုဒ်မနဲ့ ပေးဖို့ စဉ်းစားထားတဲ့ အဖြေပါ ပြန်သိမ်းပစ်လိုက်ရ.... :(
" တိတ်စမ်း!.... ကင်ဂျုံအင်း.... မင်း အခု ပါးစပ် မပိတ်ရင် စောင့်ရတဲ့ အချိန် ပိုကြာသွားမယ်နော်.... သွား ရှူး.....ရှူး... ငါ့နားက ဝေးဝေးနေ.... "
" ဟာ!.... လူယုတ်မာကြီး... အဲ့ဒါကြောင့် အရပ်မရှည်တာ ခင်ဗျားကလေ... "
ပြောရင်း ဆိုရင်း အပေါ်တက်သွားပြီး သူ့ အခန်း တံခါးကို ဝုန်းခနဲ ပိတ်ချလိုက်တာများ... အောက်ထပ်ကတောင် နားအူတယ်...
ပြောတော့လည်း ချစ်တယ်တဲ့... အခေါ်အဝေါ်တွေကလည်း စုံလို့...
ဒိုဂျောင်ဆူး... ဟေ့လူ... ခင်ဗျားကြီး.... လူယုတ်မာကြီး ... ဆိုပြီး စုံပလုံစိနေတော့တာပဲ...