တဖွဲဖွဲ ကျနေတဲ့ နှင်းစက်တွေကို ပြတင်းပေါက်ကနေ ကြည့်ကာ ဂျုံအင်း ငိုင်နေမိသည်။ ကျောင်းတွေက ပိတ်ရက်ရှည် ပိတ်ထားတာ မို့ ဘာမှ လုပ်စရာလည်းမရှိပဲ ပျင်းနေရသည်။ ဘက်ခ်ဟျွန်း နဲ့ ဆယ်ဟွန်းတို့လည်း ဆိုးလ် မှာ မရှိကြ။ ဒိုဂျောင်ဆူးကလည်း အရေးကြီး မစ်ရှင် ရှိတယ်ဟု ဆိုကာ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ကတိုက်ကရိုက် ထွက်သွားခဲ့တာ အခုထိ ပြန်မရောက်သေး..။ အရေးကြီး မစ်ရှင် ဆိုတော့ အန္တရာယ် ကင်းရဲ့လား ဆိုတာ စိတ်ပူရသေးသည်။ နာရီကို ကြည့်တော့ ည ဆယ်နာရီ ထိုးနေပြီ မို့ အခန်းမီးကို ပိတ်ကာ ကုတင်ပေါ် စောင်ခြုံပြီး လှဲအိပ် ပစ်လိုက်တော့ အအိပ်မက်သည့် ဂျုံအင်း တစ်ခဏ ချင်းပင် အိပ်ပျော်သွားခဲ့လေသည်။...................
"အား ... ရေဆာလိုက်တာ.... "
ည တရေးနိုးချိန် ခြောက်သွေ့နေတဲ့ အာခေါင်ကြောင့် ရေဆာလာရသည်။ နာရီကို ကြည့်တော့ 2:30...။ ကုတင်ဘေးထားနေကြ ရေဘူးကို လှမ်းဆွဲတော့ ရေကကုန်နေတာမို့ ကျစ်ခနဲ စုတ်သပ်ကာ ရေသွားယူဖို့ ကုတင်ပေါ်က ဆင်းလိုက်သည်။ အခန်းတံခါး ဖွင့်ပြီး အောက်ဆင်းဖို့ လုပ်နေတုန်း ဒိုဂျောင်ဆူး အခန်း ထဲက အသံ သဲ့သဲ့ ကြားတာမို့ အခန်း တံခါး ကို တွန်းဖွင့်ပြီး ဝင်လိုက်တော့ အခန်းဝ ကို ကျောပေးကာ ကုတင်ဘက်လှည့်ပြီး ရပ်နေတဲ့ ဒိုဂျောင်ဆူး ....။ ဦးထုပ်တောင် မချွတ်ရသေးတာကို ကြည့်ခြင်းအားဖြင့် ပြန်ရောက်တာ ကြာသေးပုံမရ။ တံခါးကို အသာ လှည့်ပိတ်လိုက်တော့ အသံကြားသွားတဲ့ ဒိုဂျောင်ဆူးက လှည့်ကြည့်လာကာ
" ဟင်.... ဂျုံအင်း... မအိပ်သေးဘူးလား ညဥ့်နက်နေတာကို..... "
" ဟင့်အင်း ... ရေဆာလို့ တရေးနိုးလာတာ.."
ဂျုံအင်း ပြန်ဖြေလိုက်တော့ ဩော် ဟုဆိုကာ တစ်ဖက်ကို ပြန်လှည့်သွားပြီး လုပ်စရာ ရှိတာ ကို ဆက်လုပ်နေသည်။ နေပါဦး... သူ ဒီဘက်လှည့်လိုက်တုန်းက မျက်နှာမှာ တွေ့လိုက်ရတာ ဒဏ်ရာတွေလား...။ အတွေးနဲ့ အတူ စိတ်က ထင့်ခနဲ ဖြစ်သွားတာနဲ့...ဘေးကို သွားလိုက်ကာ