" ဂျုံအင်း...... "" ဗျာ... ဒယ်ဒီ....."
စာမေးပွဲအတွက် စာလုပ်နေတုန်း.. အခန်းထဲ ဝင်လာပြီး ခေါ်တဲ့ ဒယ်ဒီ့ကို နောက်လှည့်မကြည့်ပဲထူးတော့ စိတ်မြန်လှတဲ့ ဒယ်ဒီလက်က ဂျုံအင်း ခေါင်းကို ခေါက်ပြီးသား
..။" ဒေါက်... "
" အ... နာတယ် ဒယ်ဒီရ.... ဘာလို့ ခေါက်တာလဲ... "
" ဘာလို့ခေါက်တာ ဖြစ်ရမလဲ ကင်ဂျုံအင်း ရဲ့... မင်းကလေ မင်းစာတွေလောက်တောင် ငါ့ကို အလေးမထားပါလား... ဟမ်.... ဂျုံအင်း... "
သက်ပြင်းချကာ ပြောတဲ့ ဒယ်ဒီ့်ကြောင့် ဂျုံအင်း လုပ်လက်စ စာအုပ်ကို ပိတ်ကာ ဒယ်ဒီ့နား ကို သွားပြီး....
" ဒယ်ဒီကလည်း... သားက အဲ့လို သဘောမျိုး မဟုတ်ပါဘူး ဒယ်ဒီရာ.. စာက ဒီတစ်ပုဒ် တွက်လက်စလေး ဖြစ်သွားလို့ပါ... စိတ်မဆိုးနဲ့ နော် .. ဒယ်ဒီနော်... "
ဂျုံအင်း အစွမ်းကုန် ချွဲကာ ပြောတော့ ဒယ်ဒီက နှာခေါင်း ရှုံ့ကာ
" အရူးလေး... ငါ မင်းမာမီ မဟုတ်ဘူး... လာ ချွဲမနေနဲ့.... အခု ဒယ်ဒီလာတာ မင်းကို ပြောစရာရှိလို့..... "
" ဟုတ် ... ပြောလေ... ဒယ်ဒီ... "
" မနက်ဖြန်ကျရင် .. မင်းကို စောင့်ရှောက်ဖို့ သက်တော်စောင့် တစ်ယောက် လာလိမ့်မယ်... "
ဒယ်ဒီ့ စကား ကြောင့် ဂျုံအင်းမှာ မျက်လုံး အပြူးသား... ။ ဟုတ်တယ်လေ.. ။ ဂျုံအင်း အရွယ်က သက်တော်စောင့် နဲ့ သွားရမယ့် နှပ်ချီးတွဲလောင်း ကလေး ပေါက်စ မှ မဟုတ်ပဲဟာ... ။
" အာ.... ဒယ်ဒီကလည်း... သားက ကလေး မှမဟုတ်ပဲ.... ဘာ သက်တော်စောင့်လဲ..... "
" အထွန့် မတက်နဲ့ ... ကင်ဂျုံအင်း... အခုချိန် တိုင်းပြည်ရေးတွေက ရှုပ်နေတာ မင်းအတွက် မလုံခြုံဘူး.... ငါ ပြောတာ နားထောင်..... မနက်ဖြန်ကျ ရောက်လာလိမ့်မယ်... အရင်ကလို ပညာပြပြီး နှင်ထုတ်မယ် မကြံနဲ့နော်..... ငါ့ မိတ်ဆွေသား..ငါ မျက်နှာ မပျက်ချင်ဘူး.. ကြားလား... "