ခွဲစိတ်ခန်းရှေ့ ငြိမ်သက်နေသော သူများ..။ ဝတ်စုံ အနက် များ နှင့် မတ်တပ် ရပ် နေသူများ ကြားထဲတွင် ထိုင်နေတဲ့ ဂျုံအင်း... ။ လက်နှစ်ဖက်ကို ကျစ်ကျစ် ပါအောင် စုပ်ကိုင်ကာ ဆုတောင်း နေမိသည်။ လိုက် လာ ပါမည် ဟု ကတိ ပေးခဲ့သည့် သူက အခု ခွဲစိတ်ခန်းထဲ အသက် လု နေရသည် မဟုတ်လား...။ သတင်း ကြားကြား ခြင်း ပြေးထွက်လာတဲ့ ဂျုံအင်း ကို လုံခြုံ ရေး အတွက် ဟု ဆိုကာ တားနေကြသေးတာ ...... ဂျုံအင်း အော်ဟစ် သောင်းကျန်း ပြီး ခြိမ်းခြောက် ထားတာမို့ သာ အခု ခွဲခန်း ရှေ့ ရောက်နေရခြင်း ပင်...။" ဂျောင်ဆူး....... ဂျောင်ဆူး အခြေ အနေ ဘယ်လိုလဲ.... "
မေးသံ ကြောင့် ခေါင်းထောင် ကြည့် လိုက်တော့ အမော တကော နဲ့ ပြေး လာပုံ ရတဲ့ အကို ဂျုံဒယ်...။
" မသိရသေးဘူး.... အကို ဂျုံဒယ်.... ခွဲခန်းထဲ ဝင်သွားတာ ၃ နာရီလောက် ရှိနေပြီ ကျွန်တော့် ဆီ လိုက်လာပြီး စောင့်ရှောက်ပေးမယ် ဆိုပြီးတော့ ... အခုထိ....အခုထိ.... အဟင့်...."
ပြောရင်း ငိုချ လိုက် မိတော့ ပခုံး ပေါ်ကို ခပ် ဖွဖွ ကျရောက် လာတဲ့ အကို ဂျုံဒယ် ရဲ့ လက်တစ်ဖက်...။ အကို ဂျုံဒယ်က
" မငိုနဲ့... ဂျုံအင်း..... ဂျောင်ဆူး အဆင် ပြေ သွားမှာပါ.... သူက စိတ်ဓာတ် မာ တဲ့ လူလေ... အဆင်ပြေမှာပါ.... "
" ကျွန်တော့် ကြောင့်... ကျွန်တော့် ကြောင့် သူ ဒီလို ဖြစ်ရတာ..."
" ညီ့ ကြောင့် မဟုတ်ဘူးလေ... ဂျုံအင်း ရဲ့... သူ က ဘယ်တော့ မဆို တာဝန် ကျေအောင် လုပ်တတ် တဲ့ လူစား..... အဲ့ဒီ့တော့ ကိုယ့် ကို ကိုယ် အပြစ် မ တင် ပါနဲ့.... "
အကို ဂျုံဒယ် စကား တွေကို ခေါင်း ငုံ့ ပြီး သာ နားထောင်နေမိသည်။ ခဏ ကြာတော့ ခွဲခန်း ထဲက ထွက်လာတဲ့ ဆရာဝန်...။ ဂျုံအင်း သက်တော်စောင့် တွေကို တွန်းတိုက်ကာ ဆရာဝန်ဆီ ပြေးသွား လိုက်သည်။
" ဒေါက်တာ..... ဒေါက်တာ... လူနာ အခြေ အနေ ဘယ်လို....ဘယ်လိုရှိလဲ ဟင်?"
ဆရာဝန်က mask ကို ချွတ်ကာ
" အန္တရာယ် ရှိတဲ့ အဆင့် ကတော့ ကျော်လွှား နိုင်ပါပြီ.... နည်းနည်း တော့ စောင့်ကြည့်ရပါဦးမယ်.... "