" ဒေါက်....ဒေါက်....ဒေါက်... ဟေ့လူ.... ဒိုဂျောင်ဆူး.... .... ခင်ဗျား မပြီးသေးဘူးလား... "
" အာ~~~လာပါပြီ.... ကင်ဂျုံအင်းရဲ့... "" ပြီးတာပဲ .. မြန်မြန် လုပ်... ကျွန်တော် အောက်ထပ်မှာ စောင့်နေမယ်... "
ပွင့်မလာသေးတဲ့ အခန်း တံခါးရှေ့ကနေ အော်ကာ ဂျုံအင်း အောက်ထပ်ကို ဆင်းလာလိုက်သည်။ ဒီနေ့ ကျောင်းအတွက် လိုတဲ့ စာအုပ်တွေ ဝယ်ဖို့ မြို့ထဲ သွားရမည်လေ။ ဂျုံအင်း တစ်ယောက်တည်း သွားဖို့ ကြံစည်ထားသော်လည်း မွေးသဖခင် ဖြစ်သူ ဝန်ကြီးချုပ် ကင် က ဘော်ဒီဂတ်ဆိုသော လူ့ဂွစာ လူသားအား ခေါ်သွားရန် အမိန့် ပေး သောကြောင့် စောင့်နေရခြင်းပင်...။ ဂျုံအင်း အောက်ရောက်ပြီး ခဏ ကြာတော့ အပေါ်ထပ်က ဆင်းလာတဲ့ ဒိုဂျောင်ဆူး... ။ ပြင်ဆင်တာသာ ကြာနေတာ ဝတ်လာတော့လည်း All black ပါပဲ... ။
" စောင့်နေတာ ကြာပြီလား... အားနာပါတယ်.... သွားကြရအောင်.... "
" အင်း..... အားနာ တတ်လို့ တော်သေးတာပေါ့ .... "
ဂျုံအင်း ရွဲ့တော့ ရယ်စရာ မပါပဲ ရယ်ပြန်လေတဲ့ ဒီလူဟာ ဦးနှောက်ရော ကောင်းရဲ့လား မသိ....။ သူက မောင်းသူနေရာ ဝင် ထိုင်ပြီး နောက် ခန်း မှာ ထိုင်ဖို့ ပြင်နေတဲ့ ဂျုံအင်းကို
" ဟေ့... ကင်ဂျုံအင်း... ကိုယ်က ဒရိုင်ဘာ မဟုတ်ဘူးနော်... ခါတိုင်း လိုပဲ ရှေ့မှာ လာထိုင်... "
" ဟာဗျာ.... တူတူပဲကို .... ကကြီ ကကြောင် နဲ့ တကယ်ပါပဲ.. . "
ဂျုံအင်း ဆူပုတ်ကာ ရှေ့ခန်းကို ဝင်ထိုင်တော့..... တော်တယ် ဟုဆိုကာ ခေါင်းကို ခပ်ဖွဖွ လာပုတ်တဲ့ လူကြောင့် ဂျုံအင်း ငြိမ်နေလိုက်မိသည်။ သူကတော့ ကားကို အေးအေး ဆေးဆေး မောင်းလို့...။
" ဘယ်ဆိုင်ကို မောင်းပေးရမှာလဲ... ဂျုံအင်း... "
အင်တာနက် သုံးနေတဲ့ ဂျုံအင်းကို ကားမောင်းရင်း လှည့်မေးလာတဲ့ သူ့ကို ခေါင်းခါပြကာ