"အား............"" အမလေး........ သေပါပြီ... ကျိုး ပါ ပြီ ဟ....."
နံနက်ခင်း နေရောင်ခြည် နုနု တို့အောက် တပြိုင်တည်း ကျယ် ကျယ် လောင် လောင် အော်ဟစ်လိုက်တဲ့ အသံ နှစ်သံကြောင့် မနက်စာ ပြင်နေတဲ့ ဂျောင်ဆူး လန့် သွားရသည်။ ချက်လက်စ ဟင်းအိုး ကို ပစ်ထား ခဲ့ကာ အခန်းထဲ အပြေး အလွှား သွားကြည့်တော့ ကုတင်ပေါ်ကနေ ခြေထောက် နှစ်ချောင်း ကို တွဲလောင်း ချကာ မျက်လုံး ကြီး ပြူး ပါးစပ်ကြီး ဟ ပြီး ကြည့်နေတဲ့ ဂျုံအင်းရယ်...။ ကုတင်ဘေး ကြမ်းပြင်မှာ ပေါင်ကို ကိုင်ပြီး ရှုံမဲ့ ညည်းတွား နေတဲ့ ဂျုံဒယ် ရယ် ... ။
" ဘာ.... ဘာ ဖြစ်ကြတာလဲ....လန့်သွားတာပဲ..... "
" တက်.... တက်နင်းမိတာ.... "
ဂျောင်ဆူး မနေနိုင်ပဲ မေးမိတော့ မျက်လုံးကြီး ပြူးပြီး လှည့်ကြည့်ကာ ထစ်ထစ် အအ နဲ့ ပြန်ဖြေတဲ့ ဂျုံအင်း... ။
" ဟင်..... ဂျုံအင်း.... ဘာကို တက်နင်း မိလို့လဲ... ကိုယ့် ကို.... သေချာပြောလေ..... "
" ဖတ် ... . "
" အ....."
ဂျုံအင်းကို ပုခုံး နှစ်ဖက်က ကိုင်ကာ မေးနေတုန်း နောက်စေ့ ကို ဖတ်ခနဲ ဖြတ်ရိုက် ခံလိုက်ရတာ ကြောင့် အသံထွက်ပြီး အော်လိုက် မိသည်။ နောက်ကို လှည့်ကြည်တော့ ရိုက်သည့် လက်သည် ကင်ဂျုံဒယ် က မျက်မှောင်ကြီး ကျုံ့ကာ
" ဘယ်ကို မေးနေတာလဲ.... ဒိုဂျောင်ဆူး ရဲ့.... နင်း ခံ ရတာ မင်း အဘ ငါ့ ခြေထောက် ကွ.... "
" ဟုတ်လား.... တော်တော် နာသွားလား... ဂျုံဒယ်... "
" အေး.... နာ မနာ တော့ မသိဘူး... ကံကောင်း လို့ မျိုး ကန်း တော့မလို့.... "
ပက်ခနဲ ပြန်အော်ပြီး အခန်း ပြင် ကို ရှူး ရှူး ရှဲ ရှဲ နဲ့ ထွက်သွား တဲ့ ဂျုံဒယ်ကို ဂျုံအင်းက မျက်နှာ ငယ် လေး နဲ့ လိုက်ကြည့်လို့... ။ ဂျောင်ဆူး တစ်ချက် ရယ်ကာ
" ကဲ...ကဲ.... ဂျုံအင်း.... ငေးမနေနဲ့တော့.. ဒီကောင် ကြီး က သဘောကောင်း ပါတယ်... နည်းနည်း နာ သွားလို့ စိတ်ဆတ်သွားတာပါ.... ဟော...ဟို အခန်းက ရေချိုးခန်းပဲ မျက်နှာသစ် တော့... ပြီးရင် အခန်းပြင် ထွက်ခဲ့ မနက်စာ ပြင်ထားမယ်. . "