"တီ....."အခန်း တံခါး ကို လျှို့ဝှက် နံပါတ် နှိပ်ပြီး ဝင်ဝင်ခြင်း အခန်း တစ်ခန်း လုံး ပွစာကြဲ နေတာ မြင်လိုက်ရသဖြင့် ဂျောင်ဆူး မျက်လုံး ပြူး သွားရသည်။ တစ်လ နီးပါး မရောက်ဖြစ်သည့် ဂျောင်ဆူး အခန်းကို ထိုမျှလောက် ဗရုတ်သုက္ခ ဖြစ်စေသူမှာ ကင်ဂျုံဒယ်မှ လွဲ၍ အခြားသူ မဖြစ်နိုင်... ။ အင်္ကျီတွေ ဘောင်းဘီတွေ ဆိုလည်း အခန်းထဲရှိ တစ်လုံးတည်းသော sofa ပေါ်မှာ ဟိုတင် ဒီတင် နဲ့... ။ ထို အမှိုက်ပုံကို ခါးထောက် ကြည့်နေ၍ တော့ မဖြစ်.. ဝတ်လာတဲ့ ရှပ်အင်္ကျီ ကို တံတောင်ဆစ်ထိ ခေါက်တင်ကာ စ ရှင်းဖို့ ပြင်ရသည်။ ဟိုတစ်စ ဒီတစ်စ အဝတ်တွေကို ခြင်းထဲ ကောက်ထည့်..၊ စားထား သောက်ထားတဲ့ မုန့်ခွံတွေ ရေဗူးခွံတွေ ကို အမှိုက်ပုံးထဲ ထည့်ကာ မီးဖို ခန်း ထဲကို အဝင် သွေးတွေတောင် နားထင်ထိ တက်ဆောင့်ပြီး ခေါက်ခနဲ လဲ သေချင်သွားသည်။ ဘေစင် ထဲမှာ စားထားတဲ့ ပန်းကန်တွေ ဇွန်းတွေ အပုံလိုက်...။ ရေပိုက်ခေါင်းကိုလည်း လုံအောင် ပိတ် မထား တာကြောင့် ရေတွေက တစ်စက်စက် ကျလို့... ။ ဂျောင်ဆူး သည်းခံနိုင်စိတ် တို့ ကုန်သွားရသည်။ ဂျောင်ဆူး အိပ်ခန်းဆီ ဝင်သွားတော့ ထင်သည့်အတိုင်း ကုတင်ပေါ် လူသေကောင်လို မှောက်ရက်ကြီး စက်တော်ခေါ်နေသော အမောင် ဂျုံဒယ်.....။ ဂျောင်ဆူး လက်တစ်ဖက်ကို မြှောက်ကာ သူ့ တင်ပါးဆီသို့ အားကုန် လွှဲရိုက်ပစ်လိုက်တော့
"ဖြောင်း...........''
" အားလားလား...........သေပါပြီ... ''
*******************
" ဟေ့ကောင်... စားလေ... ဘာလုပ်နေတာလဲ... မစားဘူးလား... မစားရင် သွန်မှာနော်... "
ထမင်းစားပွဲက ထိုင်ခုံပေါ်မှာ ဆောင့်ကြောင့်ထိုင်ကာ ဆူပုတ်နေသော ဂျုံဒယ်အနား သွားကာ ပြောတော့ ပေစောင်းစောင်း ကြည့်ကာ စပါကတီတွေကို ခက်ရင်းနဲ့ ထိုးဆွနေလေရဲ့..။ စောစောက သူ့တင်ပါးကို ရိုက်တာ အရမ်းနာသွားပြီး ခြေချ မထိုင်နိုင် ဟုဆိုကာ ဆောင့်ကြောင့် ထိုင်နေပြီး စိတ်ကောက်နေသဖြင့် စပါကတီ လုပ်ကျွေးကာ ချော့ထားရခြင်း ပင်။