MSBB~•12•~

2.5K 299 30
                                    


~ Beep....Beep.... ~

~ Beep....Beep....~

ညက ပေးထားတဲ့ နှိုးစက်က အသံကျယ်ကျယ်ကြောင့် အိပ်ရာက ဆတ်ခနဲ နိုးလာရသည်။

ခါးနား တစ်ဝိုက်က လေးလံ နေတာကြောင့်  ကြည့်မိတော့  မျက်နှာချင်းဆိုင်မှာ အိပ်ပျော်နေတဲ့ ကင်ဂျုံအင်း....

လက်တွေကို ဂျောင်ဆူး ခါးပေါ်ပစ်တင်ထားတာ..

ဒီကောင်လေး ညက ဘယ်အချိန် အခန်းထဲ ဝင်လာပါလိမ့်....

ချစ်သူတွေ ဖြစ်ပြီး နောက်ပိုင်းထဲက အဲ့သလိုမျိုး အခန်းထဲ တံခါး မရှိ ဓားမရှိ ဇိုးဇိုးဇတ်ဇတ် ဝင်ထွက်တတ်လာတဲ့ ကင်ဂျုံအင်းက ညသန်းခေါင်ကျော်လျှင်လည်း ဂျောင်ဆူး ဘေးနား အတင်းတို့ဝှေ့ပြီး လာအိပ်တတ်လာသည်။

အခန်းကို အတင်းပြန်လွှတ်လျှင် နှုတ်ခမ်းစူမည် စိတ်ကောက်မည် ... ရစ်မည်... ပြီးရင် ဂျောင်ဆူးကို ကျောပေးပြီး အိပ်ကာ စိတ်ကောက်တတ်သည်။

အခန်း ပြန်သလား ဆိုတော့လည်း မပြန်.... ပေကပ်ကပ် သိပ်လုပ်သည်။

အိပ်နေလျှင်တော့ အေးအေးချမ်းချမ်း နဲ့ ချစ်ဖို့ကောင်းလှသည်။

အိပ်နေရင်း စူထွက်နေတဲ့ နှုတ်ခမ်း ထူထူလေးကို လက်နဲ့ ထိတွေ့ကာ ရယ်လိုက်မိသည်။

ဂျောင်ဆူး တစ်သက် ဒီလို ကောင်ငယ်လေး တစ်ယောက်နဲ့ ချစ်သူ ဖြစ်ရလိမ့်မည် လို့ တွေးတောင် မတွေးဖူးခဲ့...

အချိန် တန်ရင် မိန်းမယူမယ် ဟု ကြွေးကြော်နေသည့် ကိုယ်က ဒီ ဂျစ်တူးကောင်နဲ့ ကျမှ ကမောက်ကမ တွေ ဖြစ်ကုန်ရသည်။

တွေ့ကာစကတည်းက ကန့်လန့် တိုက်တတ်သည့် ကောင်လေး က အခုတော့ သူ့ကို သိပ်ချစ်ပါသတဲ့လေ...

သူလည်း ဘယ်အချိန်ကတည်း က ထိုကောင်လေး ကို ချစ်မိသွားသည် မသိပေမယ့်... အခုတော့ ဒီကောင်လေး မျက်နှာ ညှိုးရင်တောင် မနေတတ်တော့...

ဂျုံအင်းရဲ့ မျက်နှာ အစိတ်အပိုင်းတွေကို ခပ်ဖွဖွ ထိတွေ့ရင်း တစိမ့်စိမ့် ကြည့်နေမိတာ တော်တော်ကြာသွားသည်ထင်ပါရဲ့

My Specialist Bodyguard Boyfriend [ Completed]Where stories live. Discover now