" ဂျုံအင်း ... အဲ့ဒါ မင်း သက်တော်စောင့်လား.... "ဂျုံအင်း ထိုင်နေတဲ့ ဝိုင်းရဲ့ တစ် ဝိုင်း ကျော်မှာ ထိုင်နေတဲ့ ဂျောင်ဆူး ဆိုတဲ့ လူကို ကြည့်ကာ ဘက်ခ်ဟျွန်း က မေးသည်။ အိုဆယ်ဟွန်း ကတော့ မှန်မပါ တဲ့ မျက်မှန်ကိုင်းကို နှာခေါင်းပေါ် ဟန်ပါပါ တွန်းတင်ကာ
" ဂျုံအင်း.... မင်း သက်တော်စောင့်က အသက်ရော ပြည့်ရဲ့လား ဟ "
မေးလည်း မေးတတ်တဲ့ အိုဆယ်ဟွန်း...။ သူ့မေးခွန်းကို သာ ဂျောင်ဆူး ဆိုတဲ့ လူသာ ကြားလို့ကတော့ သူ့ အသက် ဘယ်လောက် ကြီးကြောင်း ၊ လေးလေး စားစား ဆက်ဆံသင့်ကြောင်း လာပြောပေလိမ့်မှာ မြင်ယောင်သေး...။
" ဂျုံအင်း.... "
" ဟေ............. "
ခပ်တိုးတိုး ခေါ်လာတဲ့ ဘက်ခ်ဟျွမ်းကို လှည့်မကြည်ပဲ ထူးလိုက်တော့ နား နားကပ်ကာ လာပြောတာက
" မင်း သက်တော်စောင့် ကို ဒီဝိုင်း ခေါ်လိုက်ပါလား .... " တဲ့လေ... ။
" အာ.... နေစမ်းပါကွာ.... ဘာလုပ်မလို့လဲ...... ရှုပ်ရှုပ် ရှက်ရှက်.. "
ဂျုံအင်း ပြောတော့ ဘက်ခ်ဟျွန်း က ထုံးစံ အတိုင်း ဂျုံအင်း လက်မောင်းကို ဆွဲကာ လွဲကာ နှင့်
" ဂျုံအင်းကလည်း.... ငါတို့နဲ့ စကား ပြောကြည့်ချင်လို့ပါ.... မင်း လူ က ခင်ဖို့ ကောင်းမယ့် ပုံပါပဲကွ.... "
" ဟေ့ကောင်.... ဘက်ခ်ဟျွန်း.. . မင်းနော် ... စကားကို ကြည့်ပြော... ဘာ...ဘာကို ငါ့လူလဲ.... "
ဂျုံအင်း စွာခနဲ ပြန်အော် ပစ်လိုက်သည်။ ဟုတ်သည်လေ... ။ သူပြောတာ ကြီးက အဓိပ္ပါယ် တလွဲကြီး ဖြစ်နေတာ ပဲကို... ။ ဂျုံအင်းလူ တဲ့... ။ အီး... !! ... ကြက်သီးထစရာကြီး.... ။
" လန့်လိုက်တာ... ကင်ဂျုံအင်းရယ်.... ဒါလေး မှားပြောမိတာကို.... ဖျတ်ဖျတ်ကို လူးနေတာပဲ..... မင်း သက်တော်စောင့် လို့ ပြောတာပါ ကွာ... နော့် ... ဆယ်ဟွန်းရ...."