(Zawgyi)
တိမ်ရောင်လင်းလက် မနေ့ညက ကိစ္စကို ခုထိအခဲမကြေသေးပါ။ ငါ့ကို ဒီကောင်လေး သက်သက်အနိုင်ပိုင်းတာ။ သူက Gayတဲ့လား? ။
ငါကလည်း Gayဆို ဒဲ့ရွံတာ။ ဘယ်လိုသင်ခန်းစာတွေပေးမလဲ စောင့်ကြည့်ထား Gayစုတ်လေး။ တိမ်ရောင် စိတ်ထဲမှ ကြိမ်းဝါးနေခိုက်...ဟော... ကြားရပါပြီ တဟီးဟီး တဟားဟားနဲ့
Gayစုတ်လေးရဲ့အသံဆိုးလေး။ သူတစ်ယောက်ထဲရှိနေချိန်ဆို ဘာအသံမှ မထွက်တဲ့ ဒီကောင်လေးက သူ့သူငယ်ချင်း ကဗျာဆိုလား ဘာဆိုလား သူနဲ့ရှိနေရင်တော့ ရွှင်မြူးနေကာ အသံပေါင်းစုံထွက်လေ့ရှိသည်။အနောက်တန်းဘက်ကနေ ပတ်ဝင်မှာကိုး။
ငါ့ဂွင်ပဲ။ တိမ်ရောင် သုတအား ခြေထိုးခံလိုက်သည်။"အမလေး..ပွတ်သွတ်ကြီး..."
"ဟား ဟား ပွတ်သွတ်ကြီးတဲ့ ဟား ဟား ခွီးးးး"
တိမ်ရောင် မထိန်းနိုင်ပဲ ရယ်မိလိုက်တယ်
ပွတ်သွတ်ကြီးတဲ့ အဆန်းကြီး ယောင်တာကလဲသုတ ရုတ်တရက်ကြီးခြေထိုးခံလိုက်ရတော့
မထိန်းနိုင်ပဲ မှောက်လျက် လဲကျသွားသည်..."ခင်ဗျား တမင်လုပ်တာမလား? 😡😡"
"မဟုတ်ပါဘူး ငါ့ဘာသာညောင်းလို့ ခြေထောက်လေးဆင်းလိုက်တာကို.."
"သြော်..ဒီလိုလား? ရပါတယ်လေ တမင်မတော်တဆလို့ပဲ မှတ်လိုက်မယ်.."
"အေးပါကွာ ခွီးးး😂😂"
သုတ တနုံ့နုံ့နဲ့ ဒေါသတွေထွက်နေသည် ။
"ကဗျာမ အဲ့ဒါနင့်ကြောင့်။ နင် အခန်းထဲဝင်ခါနီးမှ Toiletဝင်ချင်တယ်ဆိုပြီး တစ်ယောက်ထဲပြန်ထွက်သွားလို့ ငါတစ်ယောက်ထဲ မှောက်လျက်လဲတာ။ အမှန်ဆို နင်ပါ လဲရမှာ"
"အမလေး..ကိုယ်တော်ချောရယ်။ ငါနဲ့အနေသာကြီးပါနော်။ နင့်ဘာသာ အဲ့ခြေထောက်ကို မမြင်လို့ ခလုတ်တိုက်လဲတာလေ။ ဘယ်နှယ့်ကြောင့် ကျွန်မအပြစ်ဖြစ်ရတာတုန်း..."
"မသိဘူး။ ငါအဲ့ကောင်ကို လက်စားချေရမှကို ကျေနပ်မယ်။ ကဗျာမ နင့်ရဲ့ရှိသမျှ ဥာဏ်ကာလာပေါင်းစုံထုတ်သုံးပြီး စဉ်းစားပေး"
YOU ARE READING
အချစ်ကိုသိချိန်(Completed)
Romance#Unicode ကောင်းကင်ထက်ပိုင် -ကျွန်တော့်ထက် အသက်ကြီးလဲ ကျွန်တော် အကိုလို့မခေါ် နိုင်ဘူး ကျွန်တော် အကို့ကိုချစ်တာ ချစ်သူတစ်ယောက်လို ချစ်တာမို့ ပိစိလေးလို့ပဲခေါ်မှာပဲကွာ သင်းကဗျာထက် -ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ အဖိတ်ခံမယ် ဘာမှ အထွန့်မတက်နဲ့ ငါ့မောင်လေး...